close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဒဏ်သင့်ပြည်သူတွေကူညီဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထုတ်ပြန်

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီပေးသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF-Myanmar)က ဒီနေ့ (မတ်လ ၂၉ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

အင်အားပြင်းငလျင် ဗဟိုချက်အနီးရှိ စစ်ကိုင်းမြို့မှာလည်း ပျက်စီးဆုံးရှုံးမှု များပြားခဲ့ပါတယ်။ ဓာတ်ပုံ - KO M

မတ် ၂၉၊ ၂၀၂၅။ လင်းသစ်/People’s Spring

ငလျင်ဒဏ်သင့်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီတုံ့ပြန်ဆောင်ရွက်ပေးဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီပေးသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF-Myanmar)က ဒီနေ့ (မတ်လ ၂၉ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

ငလျင်အတွင်း ထိခိုက်ခဲ့တဲ့ဒေသတွေဆီ MSF ရဲ့ နည်းပညာရှင်တွေ အမြန်ဆုံးသွားရောက်ပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခွင့်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်မှုပစ္စည်းတွေရရှိဖို့ ခွင့်ပြုချက်ပေးဖို့ အရေးကြီးတယ်လို့ MSF က ထောက်ပြထားပါတယ်။

အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရတာနဲ့ တပြိုင်နက် မြန်မာနိုင်ငံတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ MSF ‌ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဖို့ အသင့် ရှိတယ်လို့ MSF က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ RSF အနေနဲ့ အရေးပေါ်တုံ့ပြန်ရေး အစီအစဥ်တွေချမှတ်ထားပြီး အရေးပေါ်ထိခိုက်ဒဏ်ရာ ကုသရေးအဖွဲ့ကို စေလွှတ်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်နေတယ်လို့ နယ်စည်းမထားဆရာဝန်အဖွဲ့ရဲ့ လက်ရှိ မစ်ရှင်အဖွဲ့ခေါင်းဆောင် Federica Franco က ပြောပါတယ်။

“ဒါအတွက် သွားရောက်ခွင့်ရဖို့လိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု ချက်ချင်းလိုအပ်နေသူတွေအတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်ဖို့ တကယ့်ကို အရေးကြီးပါတယ်”လို့ သူက ဆိုပါတယ်။

လက်ရှိ ငလျင်ဒဏ်ကြောင့် အသက်ကယ်ကျန်းမာရေး အကူအညီ ချက်ချင်းလိုအပ်နေသူတွေ၊ နားခိုရာ နေရာ ဆုံးရှုံးမှု၊ အထွေထွေကျန်းမာရေးစောင့်ရှောက်မှု လက် လှမ်းမမှီခြင်း နဲ့ ရေက ဖြစ်ပွားတဲ့ ရောဂါ တွေကူးဆက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာမှာ အဓိကဖြစ်တဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိမှုတွေကြောင့် ထိခိုက်လွယ်သူတွေ ဖြစ်လာမယ့်လူထုအတွက် စိုးရိမ်တယ်လို့ ဖော်ပြထားပါတယ်။

(မှတ်ချက် – သတင်းနှင့်ပတ်သက်၍ “ငလျင်ဒဏ်သင့်ပြည်သူတွေကူညီဖို့ ခွင့်ပြုချက်ရတာနဲ့ ဝင်ရောက်ကူညီသွားမယ်လို့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ ထုတ်ပြန်”ဟု သတင်းခေါင်းစဉ် ပြင်ဆင်ချက်ပြုလုပ်ထားပါသည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းမှုကြောင့် ငလျင် အပါအဝင် သဘာ၀ဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ ပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်ကြမည့် လုပ်အားများ ဆုံးရှုံးခဲ့ရသကဲ့သို့ စစ်ကောင်စီ အပေါ် အယုံအကြည်ကင်းမဲ့မှုကြောင့် လည်း ကူညီထောက်ပံ့မှုများ အားနည်းစေခဲ့ကြောင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သတင်း

ဖျက်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားတဲ့ မန္တလေးမြို့မှာ ပြိုကျနေတဲ့ အဆောက်အဦးတွေကြားပိတ်မိနေသူတွေကို ထိရောက်တဲ့ ရှာဖွေကယ်ဆယ်ရေး အပူတပြင်း လုပ်ဆောင်နိုင်တာမရှိတာကို မြို့ခံတွေဆီကသိရပါတယ်။

သတင်း

နေပြည်တော် ဒက္ခိဏသိရိမြို့ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၁ အဆင့်ရှိ​သော ​နောက်ဆက်တွဲ​မြေငလျင် ယနေ့ ည‌နေ ၄နာရီ၌ လှုပ်သွားသည်။

သတင်း

ရှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေး ဒေသရှိ ကေလာရွာတွင် ငလျင်ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိလာကြောင်းဒေသခံအချို့ကလူထုနွေဦးသို့ ပြောသည်။

Facebook