မတ်-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
နေပြည်တော် ဒက္ခိဏသိရိမြို့ကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၅ဒဿမ၁ အဆင့်ရှိသော နောက်ဆက်တွဲမြေငလျင် ယနေ့ ညနေ ၄နာရီ၌ လှုပ်သွားသည်။
မတ်လ ၂၈ရက်နေ့က ဖျက်အားပြင်းငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူများကို ရှာဖွေကယ်ဆယ်ရေး လုပ်နေချိန် နေပြည်တော်ကို ဗဟိုပြု၍ မတ် ၂၉ ရက်ညနေ ၃ နာရီ ၅၀ လှုပ်ခြင်းဖြစ်သည်။
ငလျင်သည် မြေအနက်၁၀ ကီလိုမီတာ( ၆မိုင်ကျော်)၌ဗဟိုပြု လှုပ်သွားသော ဇောကတိမ်ငလျင်ဖြစ်ကြောင်း USGS ကဖော်ပြသည်။ မြေငလျင်မှာ ဇောက်တိမ်လျင် ဖျက်အားပိုကြီးသည်။

Public Service Announcement
” သိမ့်ခနဲ့ပဲ။ ထပ်ပြိုတဲ့သတင်းတွေ ကြားရတယ်။ ကျမတို့ကတပ်ကုန်းထဲကရွာရောက်နေလို့ သေချာမသိ”ဟု နေပြည်တော်မှ ဝန်ထမ်းတစ်ဦးကပြောသည်။
မတ်လ ၂၈ရက်နေ့ကငလျင်ကြောင့်ပျဉ်းမနားတစ်မြို့တည်းတွင် သေဆုံးသူ ၂၀၀ ကျော် ရှိနေပြီဖြစ်သည်။ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်ပြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲမြေငလျင်များဆက်တိုက်လှုပ်ရှားနေသည်။
မြေငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲမြေငလျင်များ ဆယ်နှင့်ချီ၍ လှုပ်ခတ်ခဲ့ရာ မြေငလျင်ကြီး လှုပ်ပြီး ၁၂ မိနစ်ခန့်အကြာတွင် တံတားဦးလေဆိပ်အနီးဗဟိုပြု၍ ပြင်းအား ၆ ဒသမ ၄ ဖြင့် လှုပ်ခတ်သော မြေငလျင်မှာ အားအကြီးဆုံးဖြစ်သည်။ ယခုငလျင်မှာ ပြင်းအား ၅ ဒသမ ၁ ကျော်၍ ဒုတိယအားအကြီးဆုံးနောက်ဆက်တွဲငလျင်ဖြစ်သည်။
