close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဗဟိုချက်အနီးဆုံးစစ်ကိုင်းမြို့တွင် ပျက်စီးမှုများပြားပြီးကယ်ဆယ်ရေးမလုံမလောက်ဖြစ်နေ

ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိအ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများကပြောသည်။

■မတ်လ ၂၉ ရက်​နေ့ခင်းပိုင်းအထိရုပ်အ​လောင်း၁၅၀ ခန့်ရှာ​တွေ့ထား

‌ဇော်ရမ်း/People’s Spring

ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်​သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့​သော်လည်း မတ်လ ၂၉ ရက်​အထိအ​ရေး​ပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်​သေးဘဲ အကူအညီများလိုအပ်​နေကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းမြို့သည် ငလျင်ဗဟိုချက်နှင့် အနီးဆုံးဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့သည်။ ငလျင်လှုပ်ပြီး ဒုတိယမြောက်နေ့အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ မရောက်ရှိသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အကူအညီတွေလာပေးကြပါဗျာ။ ဒီကနေ့အထိဘာမှ မတွေ့ရသေးဘူး။ဒီမှာကနှစ်ကာလကြာတဲ့အိမ်တွေများတယ်။မပျက်တဲ့အိမ်ဆိုတာမရှိသလောက်ပဲ။ အချင်းချင်းကူညီရအောင်လည်း အကုန်လုံးဒုက္ခရောက်နေတာ” ဟု မြို့ခံတဦးကပြောသည်။

စစ်ကိုင်း-မန္တလေးလမ်းပေါ် ကန်တော်ကြီးအ‌ရှေ့ခြမ်း၌ အပျက်အစီးအလွန်များပြီး တစ်အိမ်ထဲတွင် မိသားစုဝင် ရှစ်ဦးအထိသေဆုံးခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းဘာသာ ရေးအဆောက်အအုံအများအပြားလည်း ပြိုကျပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။ စစ်ကိုင်းမြို့ရှိ အကြီးဆုံးစာသင်တိုက်ဖြစ်သောဇိနောဒယစာသင်တိုက် ပြိုကျ ပျက်စီးမှုကြောင့် သံဃာတော်များနှင့် သာမဏေများ ထိခိုက် သေဆုံးမှု များပြားကြောင်းဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အာဏာသိမ်းစစ်ခေါင်ဆောင်မင်းအောင်လှိုင်ထံ ဖုန်းခေါ်ဆိုခဲ့ကြောင်း ရန်ကုန်မြို့ တရုတ်သံရုံးက ကနဦး ထုတ်ပြန်သော်လည်း ဖုန်းခေါ်ဆိုခြင်းမရှိဘဲ သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြင်ဆင်လိုက်သည်။

သတင်း

ငလျင်ကြောင့်အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှုရှိပြီး စစ်ကောင်စီက သတင်းအမှောင်ချခံထား၍ သတင်းအတိအကျရရှိရန် ခက်ခဲနေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ဗလီ ၅၀ခန့် ပြိုကျပျက်စီးခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေ ထိခိုက်သေဆုံးမှု ရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

သတင်း

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ၊ပအဖ)အနေဖြင့် ထိန်းချုပ်နယ်မြေအတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကူညီဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်သည်။

Facebook