close
Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့အနီး၌ စစ်ကောင်စီတပ်အား တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောက်ကျားတိုက်ခိုက်

ပဲခူးတိုင်း၊ ရေတာရှည်မြို့အနီး ကျွန်းတောကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အားဖေဖော်ဝါရီ ၂၄ရက်ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဒေသ တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

စစ်ကောင်စီတပ်အား တော်ဝင်လျှပ်စီးစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - RTC

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့အနီး ကျွန်းတောကုန်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အားဖေဖော်ဝါရီ ၂၄ရက်ညပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အလယ်ပိုင်းတိုင်းစစ်ဒေသ တော်ဝင်လျှပ်စီးစစ်ကြောင်း (RTC) ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

ဖေဖော်ဝါရီ ၂၄ရက်ည ၁၁နာရီတွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ကမ်း၊ရေတာရှည်မြို့နှင့် ကပ်လျက်နေရာတွင်ရှိသော အင်အား ၂၀ ကျော်ရှိ စစ်ကောင်စီတပ်ကို RCT စစ်ကြောင်း ရဲဘော်များက တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

” ကျနော်တို့ ပြောက်ကျားတိုက်ခိုက်မှု ဖော် ဆောင်ခဲ့တာ။ ရန်သူရဲ့ စစ်ဆင်ရေးဧရိယာ၊ ရန်သူရဲ့ စိုးမိုးဧရိယာထဲ ဝင်ရောက်ပြီးတော့ ပြောက်ကျားတိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့တာ” ဟု ကိုအီဗယ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦး ထိခိုက်ခဲ့ရာ ယင်းအနက် တစ်ဦးသေဆုံးခဲ့သည်ဟု အသိပေးသည်။

“သေဆုံးတဲ့ စကစတပ်သားက နောက်တန်းတပ်ရင်းကို ပြန်ခေါ်တဲ့ လမ်းကြောင်းမှာပဲ သေဆုံးသွားတယ်လို့ သိရှိရပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲအား RTC စစ်ကြောင်း နှင့် RTC – UG ပြောက်ကျားရဲဘော်များ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ဟု အသိပေးသည်။

ထို့အပြင် ဒေသတွင်း စစ်ရေးအခြေအနေတင်းမာဆဲဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် နီးစပ်ရာနေရာများ၌ မနေထိုင်ကြရန် ၊ စစ်ကောင်စီတပ်သားများအနီး အသွားအလာမလုပ်ရန် RTC စစ်ကြောင်းက ထုတ်ပြန် အသိပေးထားသည်။

RTCစစ်ကြောင်းသည် ဇန်နဝါရီ ၂၂ရက်ကလည်း စစ်တောင်းမြစ်အနောက်ကမ်း ရေတာရှည် မြို့နယ်၊ နှောပင်ကျေးရွာရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ အဆိုပါတိုက်ပွဲ၌လည်း စစ်ကောင်စီတပ် ထိခိုက်မှု ရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ