close
Connect with us

Hi, what are you looking for?

သတင်း

တီးတိန် ခလရ(၂၆၉)တပ်ရင်းမှ တပ်သား ၂ဦး CDFထံ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ဦး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) Civic Defense Militia-CDM စီးယင်းက သတင်းထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားနှစ်ဦး။ ဓာတ်ပုံ - CDF CDM SIYIN

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ဦး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) Civic Defense Militia-CDM စီးယင်းက သတင်းထုတ်ပြန်သည်။

တပ်သား ကျော်စောနိုင်နှင့် တပ်သား ဇော်လင်းတို့သည် ဖေဖော်ဝါရီ ၁၇ရက်တွင် CDF စီးယင်းထံ အလင်းဝင်လာခြင်းဖြစ်ပြီး ခဲယမ်းအချို့ လာလာသည်ဟု အသိပေးသည်။

ထိုသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားတို့ကို ထိုက်တန်စွာချီးမြှင့်မည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသော တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်းလည်း CDF စီးယင်းက ဖိတ်ခေါ်သည်။

ထိုသို့အလင်းဝင်ရောက်ရန် ဆက်သွယ်လာပါက မြို့တွင်းတွင်ဖြစ်စေ၊ မည်သည့်နေရာတွင် ဖြစ်စေ သွားရောက်ကြိုဆိုပေးမည်ဖြစ် ပြီး သွားလိုသည့်နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျစီမံဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထား မည်ဖြစ်ကြောင်း အသိပေးသည်။

ဇန်နဝါရီ ၉ရက်ကလည်း တီးတိန်မြို့ရှိ ရဲတပ်သား ၁ဦး လက်နက် ယူလာပြီး အလင်းဝင်လာ၍ အဆိုပါ ရဲတပ်သားကို ကျပ်သိန်း ၁၀၀ ဆုငွေပေးအပ်ခဲ့ကြောင်း CDF စီးယင်းက အသိပေးထားသည်။ ထို့ပြင် ဖေဖော်ဝါရီ ၁ရက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁ဦး CDF စီးယင်းထံ အလင်းဝင်ရောက်ခဲ့သည်ဟုဆိုသည်။

၂၀၂၄ ဒီဇင်ဘာ ၁၇ရက်ကလည်း တီးတိန်မြို့တွင် တာဝန်ထမ်းဆောင်သေနည့် စစ်ကောင်စီတပ်သား ၄ဦးသည် လက်နက် ၁လက်၊ ခဲယမ်းအချို့နှင့်အတူ CDF စီးယင်းတပ်ဖွဲ့ထံ အလင်းဝင်ခဲ့ရာ လက်နက်ပါလာသည့် စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီး ဘိန်းစိုက်ပျိုးမှု သိသာစွာတိုးလာဟုဆို

သတင်း

ခလရ(၂၆၈)တပ်ဖွဲ့ဝင်များနှင့် ရဲများက ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး လိုချင်သည်များ ယူဆောင်ဟု ရှင်းပြ

သတင်း

စစ်ကောင်စီအနေဖြင့် စစ်ရှောင်ပြည်သူများကို ဖမ်းဆီးပြီး PDF ဇိုလဲန်းတပ်ဖွဲ့ဝင်ကို ဖမ်းဆီးရမိသည်ဟု ဝါဒဖြန့်ခြင်းလည်း ရှိနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

သတင်း

ဖမ်းဆီးထားသည့် ရဲလေးဦးတွင် မူးယစ်ဆေးဝါးသုံးစွဲထားသူရှိ၍ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဟုလည်း PDF-Zolandက ဆိုသည်။