ကရင်နီပြည်နယ်၊ လွိုင်လင်လေးမြို့နယ်ရှိ နမ့်နောက်ကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာဘုန်ကြီးကျောင်း ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ယနေ့(ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၉ နာရီခန့်က ပစ်ခတ်ခြင်းဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်အချို့က ဆိုသည်။

“၈၁ မမ လက်နက်ကြီးကျည် ၉လုံး ကျတယ်။ နမ့်နောင် ဘုန်ကြီးကျောင်းရဲ့ပင်မဆောင်ပျက်စီးသွား တယ်။လူအထိအခိုက်တော့ မရှိခဲ့ဘူး “ဟု ကရင်နီစစ် ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement
လွိုင်လင်လေးမြို့တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၅၃၀)အခြေစိုက်ထားပြီး အဆိုပါတပ်မှ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ မကြာခဏ လက်နက်ကြီး ဖြင့်ပစ်ခတ်မှုရှိကြောင်းသိရသည်။
ဇန်နဝါရီ ၉ ရက်ကလည်း ခမရ (၅၃၀)တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အိုင်စန့်ကျေးရွာမှ (၁၂)နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး သေဆုံးပြီး (၅)လသားအရွယ် ကလေးငယ်တစ်ဦး လက်ပြတ်ခဲ့ရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့၏အချက်အလက်အရ ယခုနှစ် ဇန်နဝါရီအတွင်း စစ်ကောင်စီ၏ လေကြောင်း နှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကရင်နီပြည်နယ်၌ အရပ်သား ၉ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
(ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် နမ့်နောက် ရွာ ဘုန်ကြီးကျောင်းဆောင်အား တွေ့ရစဥ်။ဓာတ်ပုံ – The Voice Of Karenni)
