ရဲခေါင်/People’s Spring
စစ်ကောင်စီက ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့နယ် လျှပ်စစ်မန်နေဂျာရုံး(EPC)အားယနေ့(ဖေဖော်ဝါရီ ၁၄ ရက်) ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကနဦးသတင်းအရ လူထိခိုက်မှု မရှိသော်လည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လျှပ်စစ်ရုံးမှာ မီးလောင်ခဲ့ပြီး ငြှိမ်းသတ်ရန် မလွယ်ကူကြောင်း မိုးဗြဲမြို့ရှေ့တန်း စစ်မျက်နှာပြင်မှ ရဲဘော်အချို့က ပြောသည်။
” EPC ရုံး။ငြှိမ်းလို့လည်း မနိုင်ဘူးလေ။မီးအားအရမ်းပြင်းတယ်”ဟု မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
ယမန်နေ့ကလည်း စစ်ကောင်စီသည် မိုးဗြဲမြို့လူနေရပ်ကွက်အတွင်း ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူနေအိမ်အချို့ပျက်စီးခဲ့ရသည်။
“သူတို့(စစ်ကောင်စီ)ထိုးစစ်ဆင်တာ ဒီလောက်လနဲ့ချီရှိနေပြီလေ။မရတော့ မြို့ကိုအလုံးစုံ ဖျက်စီးရေး လုပ်နေတာပေါ့။မိုးဗြဲမြို့ လေယာဥ်ဗုံးနဲ့တင် တော်တော် ပျက်စီးနေရပြီ”ဟု ကရင်နီစစ်ရှောင် အရေးကူညီနေသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။
စစ်ကောင်စီသည် လေကြောင်းအပြင် လွိုင်ကော်အခြေစိုက်အမြှောက်တပ်၊ ဖယ်ခုံအမြှောက်တပ်မှလက်နက်ကြီးပစ်ကူနှင့် ခမရ (၄၂၂)တပ်မှ ဒရုန်းများဖြင့် နေ့စဥ်တိုက်ခိုက်မှုရှိသောကြောင့် မိုးဗြဲမြို့အစွန်ရှိ လူထုနှင့်သက်ဆိုင်သည့် အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးလျှက်ရှိကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန်က အသိပေးထားသည်။
ယမန်နှစ် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသည် မိုးဗြဲမြို့ကို စစ် ကောင်စီက ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နေ့စဥ် နီးပါး ထိတွေ့တိုက်ပွဲများရှိသည်။ယခု ဖေဖော်ဝါရီ၅ ရက်ကမူ မိုးဗြဲမြို့အဝင်၌ စစ် ကောင်စီ ခြေကုတ်ယူထားသည့် စခန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။
မြေပြင်တိုက်ပွဲအတွင်း တွေ့ရှိရသည့် စာရွက်စာတမ်းအချို့နှင့် ကရင်နီတပ်ပေါင်းစုဘက်သို့ ဘက်ပြောင်းလာမှုအရ မိုးဗြဲမြို့ကို စစ်ကောင်စီက ထိုးစစ်ဆင်နေရာတွင် စစ်မှုထမ်းတပ်သားသစ် အများအပြားကို အသုံးပြုနေဟု ဆိုသည်။
