close
Connect with us

Hi, what are you looking for?

သတင်း

စလေ-တောင်သာလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ချောက်မြို့နယ် စလေ-တောင်သားလမ်းအတိုင်းလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chauk Revolution Army-CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက လူထုနွေဦးသို့ ပြောသည်။

မကွေးတိုင်း၊ ချောက်မြို့နယ် စလေ-တောင်သားလမ်းအတိုင်းလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chauk Revolution Army-CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက လူထုနွေဦးသို့ ပြောသည်။

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ် စလေ-တောင်သားလမ်းအတိုင်းလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chauk Revolution Army-CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လယ် ၂ နာရီ ၂၅ မိနစ်ခန့်က ချောက်မြို့ဘက်မှ စလေ-တောင်သာလမ်းခွဲအတိုင်း ဖောကားတစ်စီး၊ ကားလေးတစ်စီး၊ ဆိုင်ကယ်လေးစီးဖြင့် အင်အား ၄၀ ခန့် လိုက်ပါလာသော စစ်ကောင်စီတပ်ယာဥ်တန်းကို မကျီးကုန်းကျေးရွာတောင်ဘက်အရောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ဆွဲမိုင်းအပြင် ကြိုတင်ပြင်ဆင်ထားသည့် တိုက်မိုင်းများပါကွဲပြီး စစ်ကောင်စီယာဥ်အချို့ ထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်သား လေးဦးသေဆုံး၍ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားကြောင်း Chauk Revolution Army-CRA က အသိပေး ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ဒိီကောင်တွေက မိုင်းဆွဲလိုက်ရင် အောက်ကိုဆင်းပြီး ပြန်ဝပ်ပြီး နေရာယူပြန်ပစ်တာမျိုးဗျ။ အဲတာကို ကြိုသိထားလို့ မိုင်းဆွဲတဲ့ဘေးမှာ တိုက်မိုင်းတွေကြိုချထားတာပါ”ဟု CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက ​လူထုနွေဦးသို့ ပြောသည်။

တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်များ တပ်ပြန်ဆုတ်သွားချိန် မိုင်းဆွဲခဲ့သည့်လမ်းပိုင်းအား သွားရောက်စစ်ဆေးရာ ကားမှန်ကွဲစများ၊ ဆိုင်ကယ်ကာဘာ အပိုင်းအစများအပြင် သွေးကွက်များကိုပါ တွေ့ရှိရကြောင်း ရဲဘော် R ကြီးက ဆက်ပြောသည်။

မိုင်းဆွဲခံရခြင်းနှင့် တိုက်မိုင်းများပေါက်ကွဲ၍ အထိနာသွားသည့် စစ်ကောင်စီတပ်ယာဥ်တန်းသည် ရှေ့ဆက်မတိုးရဲဘဲ သေဆုံးနှင့် ဒဏ်ရာရသူများကိုသယ်ဆောင်ကာ ချောက်မြို့ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း CRA ထံမှ သိရသည်။

အထက်ပါ စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်မှုကို Chauk Revolution Army ( CRA ) နှင့် Kyauk Padaung Defence Force – KDF ၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်များ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

(စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲအပြီး စလေ-တောင်သာလမ်းပိုင်းတစ်နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ – CRA)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က ပြည်သူနှစ်ဦးပစ်သတ်ပြီး တစ်ဦး ဖမ်းခေါ်သွား

သတင်း

မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒေသတွင်းတော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့်ကျေးရွာအချို့၌ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

သတင်း

အထိနာသွားသော စစ်ကောင်စီတပ်က လက်နက်ကြီး ၆၀မမ နှစ်လုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခက်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိဟု ဆိုသည်။

သတင်း

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ယာဥ်သုံးစီးအနက် တစ်စီးမှာ ထိချက်မှန်ပြီး ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများ အပြင်းအထန်ဒဏ်ရာရ၍ သေဆုံးမှုလည်းရှိနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။