close
Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးကာကွယ်နေထိုင်ရန် အချက်များ NUG ကာကွယ်ရေး ထပ်မံထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ် နေထိုင်ခြင်းနှင့် သက်ဆိုင်သည့်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)တွင် ထပ်မံထုတ်ပြန်သည်။

ဆားလင်းကြီး ၊ ဒီး​မော့ဆို ၊ဘီးလင်း မြို့နယ်တို့တွင် ​ဖေ​ဖော်ဝါရီ ၁၃ ရက်တွင် စစ်တပ်ကလေ​ကြောင်းမှတိုက်ခိုက်ခံရပြီး အပျက်အစီးများကို​တွေ့ရစဥ်။ ဓာတ်ပုံ-KNU ၊ CJ ၊Kamlatt

ဟန်နွေ/People’s Spring

လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန် ကာကွယ် နေထိုင်ခြင်းနှင့် သက်ဆိုင်သည့်အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)တွင် ထပ်မံထုတ်ပြန်သည်။

စစ်ကောင်စီသည် အရပ်သားများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန် ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း အသိပေးသည်။

လေကြောင်းတိုက်ခိုက်မှုခံရချိန် လုပ်ဆောင်ရန် အချက်များကို ဖော်ပြထားရာ လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားရန်၊ အနီးဆုံးအကာအကွယ်ကိုရှာရန်၊ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားရန်၊ နေအိမ်အတွင်းတွင်ရှိနေပါက ကြိုတင်ပြင်ဆင် ထားသည့် အခန်းတွင်းဝင်နေရန်နှင့် ကြိုတင် ပြင်ဆင် ထားသည့် အခန်းမရှိပါက ခိုင်ခံ့သည့်စားပွဲပေါ်တွင် စောင်များ၊ မွေ့ယာများ၊ စာအုပ်များ ဖုံးအုပ်၍ အောက်တွင် ဝင်နေရန် လိုအပ်ကြောင်း ရေးသားထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် အကာအကွယ်မရှိသည့်နေရာ (ကွင်းပြင်) တွင် ရှိပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေရန်၊ ဦးခေါင်းကို မထိခိုက်စေရန် လက်ဖဝါး(သို့) အင်္ကျီဖြင့်အုပ်ရန်၊ ပေါက်ကွဲမှုအသံနှင့် တုန်ခါမှုကြောင့် နားစည်ကိုထိခိုက်နိုင်သဖြင့် နားကိုလုံအောင်ပိတ်ရန်၊ လွင့်စင်လာသော အစများ မျက်လုံးထဲ မဝင်စေရေး မျက်စိမှိတ်ထားရန်နှင့် ပေါက်ကွဲမှု၏ ပြင်းအားနှင့် လေဖိအားကြောင့် အဆုတ်ကို ထိခိုက်မှုနည်းစေရန် ပါးစပ်ကို အနည်းငယ်ဟထားရန် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ကရင်၊ ချင်း အပါအဝင် နိုင်ငံတဝန်း တိုက်ပွဲများ၌ အထိနာလျက်ရှိပြီး ၎င်းတို့ ဆုံးရှုံးထားသည့် နယ်မြေများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည် ။ထိုသို့ လေကြောင်း တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်များထက် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အဦးများ၊ ပြည်သူလူထု နေအိမ်များကို စသည့် အရပ်သားပစ်မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့၍ ပြည်သူလူထု သေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

တဖက်တွင်တော်လှန်ရေး အင်အားစုများက စစ်ကောင်စီကို အရှိန်မြှင့် တိုက်ခိုက်မည်ဟု အသိပေးထားသည့် အခြေအနေတွင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကို ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမောကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် အင်အားပြင်း‌ဗုံးများကြဲ တိုက်ခိုက်ရာ နေအိမ်ရာနှင့်ချီ ပျက်စီးပြီး ဒေသခံပြည်သူ ၄၀ဦးထက်မနည်း သေဆုံးသွားကြောင်း ကနဦးသတင်းရရှိသည်။