ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ် ကြဲချသည့်ဒရုန်းဗုံးသီးထိမှန်ပြီး ရဲဘော်တစ်ဦးကျဆုံးသွားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဖာပွန်ခရိုင်၊ တပ်ရင်း-၁ (တပ် ရင်း-၇၀၀၁) Spring Warriors Column က ယနေ့(ဖေဖော်ဝါ ရီလ ၁၃ ရက်)တွင် ထုတ်ပြန် သည်။
Spring Warriors Column မှ အသက် ၂၄ နှစ်အရွယ် ရဲဘော်ဂတုံးသည် ဖေဖော်ဝါရီလ ၁၁ ရက်က ကျောက်တံခါးမြို့နယ်အတွင်းရှိ စစ်မြေပြင်၌ တာဝန်ထမ်းဆောင်နေစဉ် ရန်သူစစ်ကောင်စီတပ်အား ခုခံတော်လှန်ရင်း သူ၏ အသက်ကိုတိုင်းပြည်နှင့်ပြည်သူလူထု အတွက် မြင့်မြတ်စွာပေးလှူသွားခဲ့သည်ဟု ဖော်ပြသည်။
“drone ဗုံးထိတာပါဗျ။ (တိုက်ပွဲမရှိဘဲ)ဒီတိုင်းလာချတာ။ ခါတိုင်းက drone က အသံကြားရတယ်။ ခုတစ်ကြိမ်က တော်တော်မြင့်တယ် drone သံ မကြားရဘူး။ ဗုံးသီးကျလာတဲ့ လေတိုးသံကြားရတော့ ဝပ်လိုက်ပေမယ့် သူဝပ်တဲ့နေရာနဲ့ ကပ်ကျတာဆိုတော့ သူ မလွတ်လိုက်ဘူးဖြစ်သွားတာ”ဟု Spring Warriors Column မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement
ရဲဘော်ဂတုံးသည် တော်လှန်ရေးတပ်သားတစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်အတွင်း စည်းကမ်းလိုက်နာမှု၊ တာဝန်သိတတ်မှု၊အနစ်နာခံပေးဆပ်မှုများနှင့် တာဝန်ကျေပွန်သော စစ်သည်တော်တစ်ဦးဖြစ်ခြင်းကြောင့် “မော်ကွန်းဝင်အာဇာနည် သူရဲကောင်း”တစ်ဦးအဖြစ်သတ်မှတ်ကြောင်း Spring Warriors Column က ဖော်ပြသည်။
ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ယခင်ကကဲ့သို့ မြေပြင်စစ်ကြောင်းထိုးခြင်းများ အကြိမ်ရေကြဲသွားပြီး တိုက် ခိုက်ရေးဒရုန်းများအသုံးပြုကာ တန်ပြန်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လာကြောင်း မြေပြင်အခြေစိုက်တော်လှန် ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။
ကျဆုံးသွားသော ရဲဘော်ဂတုံး၏ စျာပနအ ခမ်းအနားအတွက် ကူညီဆောင်ရွက်ပေးပါသော စစ်ဒေသခွဲမှူး၊အမှတ်(၂)စစ်ဒေသခွဲ၊တပ်ရင်း (၉)တပ်ရင်းမှူးနှင့်တကွ တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များနှင့် မိဘပြည်သူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းကျွန်တော်တို့ Spring Warriors Column ဖော်ပြထားသည်။
