close
Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ပြန်

ရိုဟင်ဂျာများအား လူမျိုးသုဉ်းသတ်ဖြတ်မှုတွက် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်းမြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ကယနေ့(ဖေဖော်ဝါရီ ၁၄ရက်)ထုတ်ပြန်လိုက်သည်။

အီယိုရီ/People’s Spring

ရိုဟင်ဂျာများအား လူမျိုးသုဉ်းသတ်ဖြတ်မှုတွက် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ပြန်လိုက်ကြောင်းမြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK)ကယနေ့(ဖေဖော်ဝါရီ ၁၄ရက်)ထုတ်ပြန်လိုက်သည်။

အာဂျင်တီးနား မြို့တော် ဗျူနိုအေရိစ်ရှိ တရားရုံးက ယမန်နေ့တွင် မင်းအောင်လှိုင်နှင့် အခြားသော မြန်မာစစ်တပ်အရာရှိများအား ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုတွင် ပါဝင်မှုဖြင့် နိုင်ငံတကာဖမ်းဝရမ်းများထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဒါက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဆီဦးတည်တဲ့ သမိုင်းဝင်ခြေလှမ်းဖြစ်သလို မြန်မာစစ်တပ်အောက်မှာ (ဒုက္ခတွေ)ခံစားနေကြတဲ့ မြန်မာနိုင်ငံရှိ ပြည်သူအားလုံးအတွက်လည်း ဖြစ်ပါတယ်”ဟု BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုဖမ်းဝရမ်းထုတ်ပြန်လာမှုသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်းသတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် မြန်မာအရပ်သားနှင့် စစ်ဘက်ခေါင်းဆောင်များအား အာဂျင်တီးနားတရားရုံးက စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆိုသည်။

BROUK အဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်(Universal Jurisdiction)ဖြင့် အာဂျင်တီးနားတရားရုံးသို့ ၂၀၁၉ခုနှစ်တွင် အမှုတင်သွင်းခဲ့ဖြစ်ပြီး ထိုစဥ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(လက်ရှိစစ်အာဏာသိမ်းခေါင်းဆောင်)၊ ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် အခြားစစ်တပ်အရာရှိ ၂၃ဦးကို အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ခေါင်းဆောင်နှစ်ဦးနှင့် အရာရှိများသည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာကျေးရွာတစ်ရွာကို တိုက်ခိုက်မှုအတွင်း သတ်ဖြတ်မှုများ၊ အဓမ္မကျင့်မှုများအတွက် တိုက်ရိုက်စေခိုင်းကျူးလွန်သူများဖြစ်ကြောင်း BROUK က ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ၂၀၂၄ နိုဝင်ဘာ ၂၇ ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ရှေ့နေချုပ် ကာရင်မ်ခမ်းကလည်း ICC က ဖမ်းဝရမ်းထုတ်ရန် အမှုဖွင့်တိုင်ကြားထားသည်။

ICC ရုံးတော်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပြန်ရန် စီရင်ချက်မချရသေးသော်လည်း ယခုအာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းထုတ်ပြန်မှုက အလိုအလျောက်ဖမ်းဝရမ်းထုတ်ပြန်ရန် အစပျိုးမှုဖြစ်ကြောင်း BROUK က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲများတွင် ဗိုလ်ချုပ်အဆင့်များပါ လက်နက်ချအညံ့ခံနေကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးနေကြ​သော်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရာရှိ၊ စစ်သည်များသည်ရှေ့တန်းစစ်မြေပြင်တွင်ရွပ်ရွပ်ချွံချွံ ထမ်းဆောင်လျက်ရှိကြောင်း စစ်သားနှင့်တပ်မိသားစုဝင်များအား ​ပြောကြားခဲ့သည်။

သတင်း

ပြည်တွင်း၌ ဂျုံပြတ်လပ်​နေ၊ လက်ဖက်ရည်ဆိုင်အချို့ အီကြာ​ကွေး၊ ပလာတာ အ​ရောင်းရပ်

သတင်း

People’s Spring “မင်း​အောင်လှိုင်က သိပ်မကြာခင်မှာ ကျပါလိမ့်မယ်။ တရုတ်ကြီးက အသက်ကယ်​ဆေး ဘယ်နှစ်​ချောင်းပဲ ထိုးထိုးပါ။ သိပ်မကြာပါဘူး သူ ဘယ်​လောက်ခံနိုင်မလဲ​ပေါ့​လေ။ ၆ လခံ ထိုးထားလား၊ ၁ နှစ်ခံ ထိုးထားလားတော့ကျွန်​တော်မ​ပြောတက်ဘူး ။​သေချာတာတစ်ခုက​တော့ ၂၀၂၅ က ကျွန်​တော်ထင်တယ် သူကုန်ဆုံးမယ့် Date...

သတင်း

ကျင့်ဝတ်မဲ့စွာ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည့် တရုတ်နိုင်ငံ၏ လုပ်ရပ်အပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ထုတ်ဖော် အသိပေးထားသည်။