close
Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့လေကြောင်းတိုက်မှု ပြည်သူ ၅ဦးသေဆုံး၊ (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၅ဦးသေဆုံးခဲ့ပြီး (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

မိုးကုတ်မြို့လေကြောင်းတိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - မိုးကုတ် ပကဖ

မေ/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၅ဦးသေဆုံးခဲ့ပြီး (၄)နှစ်အရွယ်ကလေးငယ်အပါအဝင် ၂၀ဦး ဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

မနေ့ည ၁၂နာရီကျော်မှာ စစ်တပ်က တံတားဦးလေတပ်ကနေ မိုးကုတ်မြို့အနောက်ခြမ်းကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သေဆုံးသူတွေဟာ နမ့်ဆန်မြို့က အညှော်၊သတွက်သျှိုရွာက ကိုကျော်စွာဝင်း၊ကသဲအုပ်စု၊နန်းနွဲ့ရွာက ကော်မလူး၊မြို့ကြီးရွာက ကိုဖိုးစိုးတို့ဖြစ်ပြီး တစ်ဦးကတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်ရှိကောက်ယူထားတဲ့ ဆေးရုံရောက် လူနာစာရင်းမှာ (၄)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၂၀ဦးထိခိုက်ဒဏ်ရာတွေရထားတယ်လို့လည်း သိရပါတယ်။

“လူနေရပ်ကွက်မဟုတ်ဘဲ လုပ်ကွက်ကိုကြဲချတာ”လို့ မိုးကုတ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

စစ်တပ်က TNLAသိမ်းယူထားတဲ့ မ်ိုးကုတ်မြို့အနောက်ဖက်ခြမ်းမှာရှိတဲ့ ဝင်းထရံကျောက်လုပ်ကွက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။

အလားတူ ဇန်နဝါရီအတွင်းကလည်း စဥ့်ကူးမြို့နယ်အတွင်းက ကံတောင်ကျေးရွာကိုစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ရွှေလုပ်ကွက်အတွင်းရှိနေတဲ့ ပြည်သူသေဆုံးတာတွေဖြစ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အား ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက Y12 လေယာဉ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားသုံးဦး သေဆုံးပြီး ၂၀ထက်မနည်း ဒဏ်ရာရသွားသည်။

Short Story

ကုက္ကိုလ်ပင်ကြီးအောက်မှာ ကလေးတွေ ပျော်ရွှင်နေကြတယ်။ ကုက္ကိုလ်ပင်ကြီးက သက်တမ်းအားဖြင့် နှစ် ရာနဲ့ချီ ရှိလောက်ပါပြီ။ လက်ချင်းဆက်ပြီး အပင်ကြီးရဲ့လုံးပတ်ကို တိုင်းကြည့်ရင် လူကြီးအရွယ် ဆယ်ယောက်လောက် ဆက်ရမှာပါ။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။