close
Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲမြို့နယ်ရှိ ထမင်းဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးနှစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နန်းဖဲကျေးရွာအနီး ပျက်စီးမှုကို တွေ့ရစဥ် ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၇ ရက် ည ၉နာရီခွဲခန့်က နန်းဖဲကျေးရွာအနီးရှိ ထမင်းဆိုင်ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက်(၄၅)နှစ်အရွယ် ဆိုင်ရှင်အမျိုးသမီးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဆိုသည်။

“မနေ့ကည ၉ နာရီခွဲလောက်မှာ လေယာဥ်နဲ့လာကြဲသွားတာ။အသက် (၄၅)ဝန်းကျင် ဆိုင်ရှင်အမျိုးသမီးကတော့ နေရာမှာပဲ ဆုံးသွားတယ်”ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)အတွင်းရေးမှူး ဦးဗညားက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒဏ်ရာရသူ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးအနက် အသက်(၂၀)ဝန်းကျင်အမျိုးသမီးတစ်ဦးမှာ ဆေးခန်းသို့ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရသည်။

“သူကတော့ ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန်ရခဲ့ တော့ ပို့နေတဲ့လမ်းမှာပဲ ဆုံးသွားတယ်။ကျန်တဲ့အမျိုး သမီး နဲ့အမျိုးသားတစ်ဦးကတော့ အသက်စိုးရိမ်စရာမရှိတော့ဘူး”ဟု စစ်ရှောင်အရေးကူညီသူ​က ပြောသည်။

ဇန်နဝါရီ ၃၁ရက်ကလည်း ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် (၅၀)ကျော်အရွယ်အမျိုးသမီး တစ်ဦးသေဆုံးခဲ့ရကြောင်း ဘောလခဲ PDFက ထုတ်ပြန် ထားသည်။

စစ်တပ်အာဏာသိမ်းပြီးမှ ယခု ဖေဖော်ဝါရီ ၁ရက်အထိ ကရင်နီပြည်နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁,၈၀၀ ခန့်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူနှင့် စစ်ရှောင် ၇၁၈ဦးသေဆုံးထားကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစုက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က ဝေဟင်ကနေ Paramotor စက်တပ်လေထီးနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဗိုလ်မှူးကြီးဟောင်း နဲ့ ညွှန်ကြားရေးမှူးချုပ်တို့ပိုင်တဲ့ ကုန်စုံဆိုင်တစ်ဆိုင် စစ်တပ်ရဲ့လေကြောင်းတိုက်ခံခဲ့ရပြီးတဲ့နောက် စစ်တပ်ရဲ့တပ်မ(၉၉)ကပဲ ပစ္စည်းတွေလာသိမ်းသွားတယ် ဒေသခံတွေက ပြောပါတယ်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။