close
Connect with us

Hi, what are you looking for?

သတင်း

အိုးဘိုထောင်မှာ ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွား

မန္တလေး အိုးဘိုထောင်မှာ လူ ၆၀ ကျော် ပြီးခဲ့တဲ့ ရက်ပိုင်းက ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘဲ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ရက် (PPNM ) က ဇန်နဝါရီလ ၂၃ ရက် ထုတ်ပြန်ပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေး အိုးဘိုထောင်မှာ လူ ၆၀ ကျော် ပြီးခဲ့တဲ့ ရက်ပိုင်းက ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားပြီး လုံလောက်တဲ့ ဆေးဝါးကုသမှု မရဘဲ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ရက် (PPNM ) က ဇန်နဝါရီလ ၂၃ ရက် ထုတ်ပြန်ပါတယ်။

ထောင်တွင်းမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရဘဲ ဝမ်းလျှောသူတွေ ကို ဝမ်းပိတ်ဆေး နဲ့ ဓာတ်ဆားတစ်ထုပ်စီသာပေးတယ်လို့ PPNM က ဆိုပါတယ်။

” ရေနဲ့လည်းဆိုင်သလို ကျွေးတဲ့အစားစားတွေ​ပေါ်မူတည်တယ်ဗျ၊ ထမင်းနဲ့ပဲဟင်းကလည်း အခန့်မသင့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တယ်”လို့ PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ ဒုတိယပတ်ကစတင်ပြီး ထောင်တွင်းမှာ ဝမ်းပျက် ဝမ်းလျှော စတင်ဖြစ်ပွားတာဖြစ်ပြီး အကျဉ်းသား ၄၀ ခန့်၊ အကျဉ်းသူ ၂၅ ဦးဝန်းကျင် ဝေဒနာ ခံစားခဲ့ရတာလို့သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်သွားသူတွေထဲ ထောင်ဆေးရုံမှာ တက်ပြီး ဆေးကုသမှု ခံယူရသူတွေလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အိုးဘိုထောင်အတွင်းက အမျိုးသမီးအဆောင်တွေမှာ ယခုလအတွင်း ဝမ်းရောဂါတွေဖြစ်ပွားခဲ့ပြီး ဆေးဝါးပြတ်လပ်တာတွေ ဖြစ်ပွားနေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။

သတင်း

မြင်းခြံထောင်မှ ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ်မှာမူ အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့ရကြောင်း PPNMကဆိုသည်။

သတင်း

လက်ရှိတွင် Cholera ကာလဝမ်းရောဂါဖြစ်ပွားသည့်အပေါ် KDHW ၏ သဘောထားနှင့် လုပ်ဆောင်နေမှုများအား ပဒိုစောဒိုင်းမွန်းခင်က ရှင်းလင်းပြောကြားမှုကို KNU ဗဟိုက ဒီဇင်ဘာ ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးရတဲ့နိုင်ကျဉ်းဦးရေ ဟာ မနှစ်က ထက် နှိုင်းယှဉ်ရင် အခု နှစ်မှာ ပိုမြင့်တက်လာတာပါ။