close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၇)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အာဇာနည်သူရဲကောင်း ချမ်းမြေ့ကျော် ကျဆုံးခြင်း (၃)နှစ် (၁၀)လပြည့်မြောက်သော နေ့အဖြစ် သပိတ်ကော်မတီဝင်တွေနဲ့ ပြည်သူလူထုတွေ ပူးပေါင်းကာ ချီတက်အလေးနီပြုခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

ချမ်းမြေ့ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၂၇ရက်က စစ်တပ်မှ သပိတ်ဖြိုခွင်းရင်းရာမှာ သေနတ်ထိမှန်ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုညသပိတ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၅)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက မတရားစစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၂၄)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံဆော်သည့်လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၄)မန္တ​လေးကျုံးအနီးပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသတွင် သပိတ်အင်အားစုနှင့် ပြည်သူများ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ယနေ့ (ဇန်နဝါရီ ၂၂) နံနက်က ပြုလုပ်ခဲ့သည်။