close
Connect with us

Hi, what are you looking for?

သတင်း

ရခိုင် နှင့် တိုင်းသုံးတိုင်းအစပ်တွင် စစ်စခန်း ၃ ခုထပ်မံသိမ်းပိုက်​ကြောင်း AA ထုတ်ပြန်

အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မ​ကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိ​ကြောင်းယ​နေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။

AA နှင့်ပူး​​ပေါင်းတပ်များက စစ်တပ်ထံမှသိမ်းပိုက်ထား​​သော သံချပ်ကာအပါအဝင်လက်နက်ခဲယမ်းများနှင် စစ်စခန်းများ။ ဓါတ်ပုံ-AA Info Desk

အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မ​ကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိ​ကြောင်းယ​နေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။

ပဲခူး- ရခိုင်အစပ်နေရာများ နှင့် ရက္ခိုင်ရိုးမတောင်တန်းတို့တွင် တိုက်ပွဲများဖြစ်ပွား​နေရာ ရခိုင်ရိုးမအထက်ရှိ မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၆ ရက်တွင် မိုးထိ​တောင်စခန်းအားလည်း​ကောင်း၊ ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းမှပွိုင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၇ ရက် နှင့် ပွိုင့် (၃၆၉)စခန်းကို ဇန်နဝါရီ ၂၁ရက်တို့တွင် သိမ်းပိုက်ခဲ့​ကြောင်း သတင်းထုတ်ပြန်သည်။

ထိုအပြင်မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်)တွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် ဇန်နဝါရီ ၂၇ ရက်​နေ့တွင်တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်စစ်​ကြောင်းပြန်ဆုတ်​ပြေးသွား၍လိုက်လံရှင်းလင်း​နေရာ အ​လောင်းနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ​ကြောင်းကြောင်းလည်းအသိ​ပေးထားသည်။

(AA နှင့်ပူး​​ပေါင်းတပ်များက စစ်တပ်ထံမှသိမ်းပိုက်ထား​​သော သံချပ်ကာအပါအဝင်လက်နက်ခဲယမ်းများနှင် စစ်စခန်းများ။ ဓါတ်ပုံ-AA Info Desk)

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးနေရ

သတင်း

ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ယနေ့(ဇန်နဝါရီလ၂၇ရက်)ညနေပိုင်း၌ဖော်ပြလိုက်သည်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်အား တစ်ရက်တည်း နှစ်ကြိမ်ဆက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သရက်ခရိုင် PDF တပ်ရင်း (၄)မှ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က လူထုနွေဦးသို့ ပြောသည်။

ဆောင်းပါး

အာရက္ခတပ်​တော် (AA)ရဲ့ ရခိုင်ပြည်နယ် နဲ့ ထိစပ်​နေတဲ့ တိုင်း ၃ တိုင်းအထိပါ ထိုးစစ်ဆင်​​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။