သုည/People’s Spring
မန္တလေးမြို့တွင် သပိတ်အင်အားစုမှ လူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံဆော်သည့်လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၄)မန္တလေးကျုံးအနီးပြုလုပ်ခဲ့သည်။
တော်လှန်လူငယ်များက မန္တလေးမြို့ ကျုံးဘေးတလျောက်တွင် “လာပါ ငါတို့အတူရုန်းမယ်” ၊ “ငုံ့မခံနဲ့တုံ့ပြန်ကြ” ၊ “မန္တလေးမြို့တော်လွတ်မြောက်ဖို့ မန္တလေးသားတွေအားလုံးတာဝန်ရှိတယ်” စသည့် စာသားများကို ကပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“မ အ လ တယောက် ဘုရင်ရူးရူးပြီး ပြန်တည်ဆောက်နေတဲ့ မန္တလေးကျုံး အနောက်တံခါးပေါက်က စည်ရှည်တံတားအနီးမှာ ပြည်သူများကို နှိုးဆော်ပေးရုံသာမက စစ်ကောင်စီရဲ့ လက်ပါးစေများကိုပါ သတိပေးတဲ့ စာရွက်များကို ကပ်ထားခဲ့ပါတယ်။ တဖန် စစ်ကောင်စီ ထောက်လှမ်းရေးတွေ၊ “စ”သုံးလုံးတွေ နေရာယူလေ့ရှိတဲ့ မြောက်ဘက်ကျုံးနံဘေးနဲ့ ကျုံးမြို့ရိုး အင်္ဂါထောင့်မှာပါ အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို တပြိုင်တည်း ဖော်ဆောင်ခဲ့ကြပါသေးတယ်။ မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ ဆက်လက် ပါဝင်ကြပါ” ဟု နွေဦးတော်လှန်ရေး ဦးဆောင်သူ ဒေါက်တာတေဇာဆန်းကလည်း တိုက်တွန်းခဲ့သည်။

Public Service Announcement
ဓာတ်ပုံ – တေဇာစန်းFacebook
