close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် ကျွန်ခံရန် သဘောထားရှိနေဟု NUG ကာကွယ်ရေးဝန်ကြီး ပြော

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်အား ဒေါက်တာတေဇာဆန်း၊ MDY PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ နိုဝင်ဘာအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-Tay Zar San

ကဖေး/People’s Spring

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဝန်ကြီးဦးရည်မွန်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ (ဇန်နဝါရီလ၂၁ရက်)တွင် ထိုကဲ့သို့ရေးသား အသိပေးထားခြင်းဖြစ်သည်။

“ကိုယ်ပြည်​ထောင်စုရဲ့ ပြည်တွင်း​ရေးကို တိုင်းတပါးက ချယ်လှယ် သြဇာ​ပေးတယ်ဆိုတာတွေးကြည့်ရင်အင်မတန် နှလုံးနာဖို့ ​ကောင်းပါတယ်။ကိုယ့်အုပ်စု အာဏာမြဲ ပြီး​ရောဘယ်သူ့ကျွန်ခံရ ခံရ ခံမယ်ဆိုတာစစ်အုပ်စုရဲ့ သ​ဘောထားပါပဲ။ ကျွန်​တော်တို့ တိုင်းပြည်ကစစ်အုပ်စု မရှိမှ ​အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ”ဟု ရေးသားထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် အပစ်ရပ်လက်မှတ်ထိုးလိုက်ကြောင်း ယမန်နေ့က တရုတ်ဘက်က ကြေညာခဲ့သည်။ ထိုကြေညာချက်ကို MNDAAရော စစ်ကောင်စီကပါ တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ရှုံးနေသည့်စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောက်လန့်နေပြီး တိုက်ပွဲများရပ်တန့်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်တို့အတွက် တရုတ်နိုင်ငံရေးအကူအညီကို အောက်ကျခံတောင်းဆိုနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။

MNDAAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး‌ ဖော်ဆောင်၍ ရှမ်းပြည်နယ်ပြောင်းပိုင်း၌ တိုက်ပွဲများဖော်ဆောင်နေသည်ကို တရုတ်အစိုးရက ရပ်တန့်ရန် ဖိအားပေးခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာရက္ခတပ်တော် (AA)ကိုလည်း ဖိအားပေးခဲ့သော်လည်း KIAနှင့် AAသည် မြို့သိမ်းတိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခုခံလျက်ရှိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုံအနီး အိမ်စီးကားဖြင့် ကင်းပတ်လာသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။