close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်အထက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အအေးပိုမည်

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများစု ဆက်လက် အအေးပိုနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကထုတ်ပြန်သည်။

ကရင်နီပြည်က စိန်ရောင်ခြည်စစ်ရှောင်စခန်းနဲ့ ဖယ်ခုံနယ်စပ်က မေတ္တာရောင်ခြည်စစ်ရှောင်စခန်းတို့မှာ စောင်၊ အနွေးထည်၊ အမျိုးသမီးအတွင်းဝတ်၊ အမျိုးသားအတွင်းဝတ်စတဲ့ ပစ္စည်းတွေကို Karenni Hope အဖွဲ့က လှူဒါန်းနေစဉ်။ ဓာတ်ပုံ − Karenni Hope

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများစု ဆက်လက် အအေးပိုနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ရက်မှ ၂၆ရက်အထိ မြန်မာနိုင်ငံအထက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့တွင် အအေးပိုလာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ဒေသများတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများ၊ ယင်းဒေသနှင့်ဆက်စပ်နေသည့် ချင်းပြည်နယ်မှ မြို့နယ်အချို့၊ရခိုင်ပြည်နယ်၊ကရင်နီနှင့် ရှမ်းပြည်နယ်တို့ပါဝင်သည်။ အထက်ပါ ဒေသများသည် လက်ရှ်ိ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် စစ်ဘေးရှောင်အများအပြားရှိနေသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်း၌ အအေးပိုလာသည့်အခြေအနေကြောင့် စစ်ဘေးရှောင်များအား အကူအညီများပိုမိုပေးအပ်ကြရန် အရပ်ဖက်လူမှု့အဖွဲ့အစည်းများက ပြောသည်။

” သိသိသာသာ ပိုအေးလာတယ်။ လေကြောင်းရန်ကြောင့် ရွာမှာ ညမအိပ်ရဲလို့ တောတိုက်တွေမှာ အိပ်ရတယ်။ ရာသီဥတုကြောင့် ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ရှိလာတယ်”ဟု စစ်ကိုင်းတိုင်း၊ မော်လူးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည်မြို့နယ်များကို ဇန်နဝါရီလဆန်းမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်နေသည်။

ဇန်နဝါရီ ၁ရက်မှ ဇန်နဝါရီ ၂၀ရက်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မြို့မြို့၊ ကျောက်မဲမြို့၊ မန္တလေးတိုင်း မိုးကုတ်မြို့၊ စဉ့်ကူးမြို့၊ သပိတ်ကျင်းမြို့၊ စစ်ကိုင်းတိုင်း ခမ်းပါတ်၊ မော်လူး၊ ဟုမ္မလင်း၊ ကလေး၊ ထီးချိုင့်မြို့၊ ကရင်နီပြည်နယ်နှင့် ရှမ်းတောင်နယ်စပ်မှ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်၊ ရခိုင်ပြည်နယ် ကျောက်တော်၊ ရမ်းဗြဲ၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဧရာဝတီတိုင်းမှ ရွှေသောင်ယံမြို့တို့ကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

” လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရတာတွေများလာပါတယ်။ ဒီလိုအခြေအနေတွေကြောင့် အခက်အခဲတွေပိုပြီးကြုံပါတယ်”ဟု ကရင်နီပြည်မှ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

MOHADM၏ သတိပေးချက်တွင် ဒေသများစု အအေးပိုလာနိုင်သလို ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နံနက်ပိုင်းမြူထူများ ကျဆင်းနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

SAF တပ်ဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများတွင် AAနှင့်အတူ ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။