close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လေကြောင်းပစ်ကူပေး ခုခံ

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခုခံလျက်ရှိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်တစ်ဦး တိုက်ပွဲအတွင်း ပစ်ခတ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်း စစ်ဆင်ရေးဆင်နွှဲနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခုခံလျက်ရှိဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီ ၂၀ရက်တွင် ဗန်းမော်မြို့နယ်တစ်နေရာကို စစ်ကောင်စီက Y12 လေယာဉ်ဖြင့် ဗုံးသီး ၃၆လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တွင်း၌ နှစ်ဖက်တပ်ဖွဲ့ဝင်များက ပြောက်ကျားတိုက်ခိုက်မှု ဆက်ရှိနေကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုက ရိုးရာထုံးစံအတိုင်းပေါ့ နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်။ ပြီးတော့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ မြို့တွင်းထဲမှာတော့ နေ့စဉ်ဆိုသလိုပါပဲ သူတို့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာပါ”ဟု ကချင်သတင်းရင်းမြစ်က ဇန်နဝါရီ ၂၀ရက် စစ်ရေး အခြေအနေကို ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲ အခြေအနေများကို ကချင်စစ်ရေးသတင်းရင်းမြစ်များထံ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဗန်းမော်မြို့တိုက်ပွဲသည် KIAနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားမှု ရက်အကြာဆုံးဖြစ်ပြီး စစ်ကောင်စီက လေယာဉ်၊ ဒရုန်း၊ သံချပ်ကာ၊လက်နက်ကြီးတို့ဖြင့် အပြင်းအထန် ခုခံကာကွယ်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲပြင်းထန်ခြင်းနှင့်အတူ နှစ်ဖက်ထိခိုက်ကျဆုံး များပြားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

“KIA ဘက်ကနေတော့ မရရအောင် တိုက်ခိုက်သိမ်းယူမယ်လို့ အဲဒီလို ယူမြင်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး ဦးတည်ချက်အရပေါ့။ သူရဲ့ နယ်မြေစိုးမိုးမှုအရရော ပထဝီဝင် စစ်ရေးအရရော ဒီဗန်းမော်က အရေးကြီးတဲ့ တည်နေရာဖြစ်တဲ့အတွက် မရမက တိုက်ခိုက်သိမ်းယူလိမ့်မယ်လို့ ရှုမြင်ပါတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

အလားတူ စစ်ကောင်စီအနေဖြင့်လည်း ကချင်ပြည်အထက်ပိုင်းအတွက် ရေကြောင်း ကုန်းကြောင်းမှ ထောက်ပို့နိုင်ရေး အချက်အခြာကျသည့်နေရာဖြစ်၍ အပြင်းအထန် ခုခံမည်ဖြစ်၍ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည်ဟုလည်း ၎င်းက သုံးသပ်သည်။

KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာက စတင်ခဲ့ခြင်းဖြစ်သည်။

ဗန်းမော်နှင့်အတူ မံစီမြို့ရှိ လက်ကျန်တပ်စခန်းများကိုပါတပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲတစ်လကျော်အကြာ ယခု ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂) တပ်ရင်းများကို KIAက အပြီးသတ် သိမ်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၁ရက်) မွန်းလွဲပိုင်း ၂နာရီခွဲတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

သတင်း

မန္တလေးတိုင်း ၊ မိတ္ထီလာမြို့ လေတပ်စခန်းကနေ မိုင် ၅၀ ပတ်လည်အတွင်းမှာရှိတဲ့တောင်သာမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီ တပ်က လူလိုက်ပါတဲ့ စက်တပ်လေထီး ( Paramotor) နဲ့ တိုက်ခိုက်ရာမှာ ၂၇ ရက်အတွင်း အရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ နယ်မြေခံ တော်လှန်ရေးအင်အားစုတွေထံကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုံအနီး အိမ်စီးကားဖြင့် ကင်းပတ်လာသည့် စစ်ကောင်စီတပ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၂၂)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။