close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်မှာ စစ်တပ်က လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူလေးဦး သေဆုံး

မန္တလေးတိုင်း၊တောင်သာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးထိမှန်သေဆုံးသွားသော အမျိုးသမီးတစ်ဦးရုပ်အလောင်းနှင့် စစ်ကောင်စီတပ်ကြဲချတိုက်ခိုက်ခဲ့သည့်ဗုံးသီးအပိုင်းအစအချို့ကိုတွေ့ရစဥ်(ဓာတ်ပုံ - လူထူလှုပ်ရှားမှုကော်မတီတောင်သာ)

မေ/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်က စက်တပ်လေထီးတွေနဲ့ ၂ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ လေးဦးသေဆုံးပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၈ရက် မနက်အစောပိုင်းမှာ တောင်သာမြို့နယ်အရှေ့ခြမ်းက ညောင်ကုန်းကျေးရွာကို မိတ္ထီလာကတက်လာတဲ့ စက်တပ်လေထီး နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ကျေးရွာဘုန်းကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၇၈)နှစ်အရွယ် ဒေါ်ခင်သန်း၊အသက်(၅၇)နှစ်အရွယ် ဒေါ်ခင်ညွန့်နဲ့ဦးအောင်မြင့်တို့ ထိမှန်သေဆုံးခဲ့ပြီး ညနေပိုင်းမှာ​ ဒေါ်ခင်သန်းရဲ့အမျိုးသားဖြစ်သူ အသက်(၇၇)နှစ်အရွယ်ဦးကြည်လှိုင်ပါ နှလုံးရပ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုံးထိမှန်သေဆုံးသွားသော အမျိုးသမီးတစ်ဦးရုပ်အလောင်းနှင့် စစ်ကောင်စီတပ်ကြဲချတိုက်ခိုက်ခဲ့သည့်ဗုံးသီးအပိုင်းအစအချို့ကိုတွေ့ရစဥ်(ဓာတ်ပုံ – လူထူလှုပ်ရှားမှုကော်မတီတောင်သာ)

မနေ့က ဇန်နဝါရိ ၁၉ရက်ကလည်း ဝါးကြီးအိုင်ကျေးရွာနဲ့သန်းတန်းကျေးရွာတို့ကို စက်တပ်ယာဥ်နဲ့ပဲဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ ဇန်နဝါရီ ၂၀ရက် မနက် ၅နာရီခွဲလောက်မှာလည်း ဝါးကြီးအိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ​နေအိမ်၂လုံး ပျက်စီးပြီး တိရစ္ဆာန်တွေလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့က(စကစ)အစောဆုံးလာရင် ည၁၀နာရီပဲ။ကြဲတဲ့အချိန်တွေက ည ၁၀နာရီ၊မနက်၁နာရီနဲ့မနက်အစောပိုင်းတွေမှာ ကြဲတာများတယ်။နေ့ခင်းဘက်တွေ သူတို့အပစ်ခံရမှာကြောက်ပြီးတက်မလာတော့ဘူး “လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တောင်သာမြို့နယ်အတွင်းမှာ စစ်တပ်က စက်တပ်ယာဥ်တွေနဲ့ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေပြီး ဇန်နဝါရီ ၁၃ရက်က ခြုံကြီးရွာ၊ ဇန်နဝါရီ ၁၄ရက်က ရုံးစဥ်လေး နဲ့ ဇန်နဝါရီ ၁၅ရက်က သံဘိုရွာတွေကို ဗုံးကြဲတိုက်ခိုက် ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးဖြင့် လာရောက်ဗုံးကြဲရာ ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၆ရက်) ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။