close
Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာလို့ ခရီးသည်တင်ကားတွေထက်ဝက်လျော့ချပြေးဆွဲနေရ

ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာတာကြောင့် မန္တလေး − ပြင်ဦးလွင်ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ တဝက်လောက်အထိလျော့ချပြေးဆွဲနေရတယ်လို့ အဲဒီကားဂိတ်တွေဆီက သိရပါတယ်။

ပြင်ဦးလွင်မြို့အဝင် တနေရာအား မြင်တွေ့ရစဉ်၊ ဓာတ်ပုံ − CJ

မေ/People’s Spring

ပြင်ဦးလွင်မြို့ကိုသွားရောက်လည်ပတ်သူနည်းလာတာကြောင့် မန္တလေး − ပြင်ဦးလွင်ပြေးဆွဲနေတဲ့ခရီးသည်တင်ကားတွေ တဝက်လောက်အထိလျော့ချပြေးဆွဲနေရတယ်လို့ အဲဒီကားဂိတ်တွေဆီက သိရပါတယ်။

“ဘာသတင်းတွေကြားပြီးမလာကြတော့တာလည်း မသိဘူးဗျာ။လမ်းတွေဆိုလည်း ရှင်းနေတာပဲ။ကားတွေလည်းလူကို မရဘူး”လို့ ကားပြေးဆွဲနေသူတစ်ဦးက ပြောပါတယ်။

ယခုလအတွင်း ပြင်ဦးလွင်မြို့ကိုသွားရောက်သူတွေဟာ တဝက်ကျော်အထိလျော့ကျသွားတာလို့ကားဂိတ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ကဆိုရင် ၁နာရီကို ကား၂စီးကနေ၊၃စီးအထိ အတက်၊အဆင်းရှိတယ်။အခုက ၃နာရီလောက်မှ ၁စီးပဲထွက်နေရတာ။အဲဒီတစီးတောင် ခရီးသည်တွေ တမြို့လုံးပတ်စုပြီးမှထွက်ရတာ”လို့ နာမည်ကြီးကားဂိတ်တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ခရီးသည်တင်ကားတစ်စီးကို အရှေ့ခန်း၁ယောက်နဲ့အနောက်ခန်း၃ယောက်စုစုပေါင်း ၄ယောက် တင်ဆောင်တာဖြစ်ပြီး ယခုလအတွင်းမှာ ခရီးသည်မရတာမို့ ၃ယောက်နဲ့ပြေးဆွဲပေးရတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေး-ပြင်ဦးလွင်ပြေးဆွဲနေတဲ့ EVကားတွေလည်း ခရီးသည်မရှိတာမို့ အချိန်တွေလျော့ချပြေးဆွဲနေရတယ်လို့ သိရပါတယ်။

ယခင်က မနက်၈နာရီလောက်ကနေ ညနေ၅နာရီအထိ ဆက်တိုက်ကားပြေးဆွဲနေရာကနေ ယခုလမှာ နေ့ခင်း ၁၂နာရီကနေ ညနေ၄နာရီလောက်အထိသာ ပြေးဆွဲရတော့တယ်လ်ို့ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ စစ်မှုထမ်းအတွက်ပေါ်တာဆွဲတဲ့သတင်းတွေထွက်ပေါ်သလို မန္တ​လေး-ပြင်ဦးလွင်လမ်းပိုင်းကို ယခင်ကထပ်ပိုပြီး ကြပ်ကြပ်တည်းတည်းစစ်ဆေးတာတွေကြောင့်လည်း ခရီးသွားလျော့လာတာတွေဖြစ်နိုင်တယ်လို့ ကားသမားတွေက ပြောပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်ကနေ လားရှိုးမြို့သွားရာလမ်းပိုင်းက နောင်ချိုမြို့နယ်အစပ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်မြို့တော်လို့ပြောကြတဲ့ ပြင်ဦးလွင်မြို့မှာ ယခုလအတွင်း လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံပေါ်တဲ့ အမှုမရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုဂံညောင်ဦး ခရီးသည်တင်ဘတ်စ် ကားဟာ အောင်မင်္ဂလာအဝေးပြေးဝန်းကနေ မနက် ၇ နာရီခွဲမှာ စထွက်ပါတယ်။ မနက် ၈ နာရီမထိုးခင် ရန်ကုန်-မန္တလေးအမြန်လမ်းအစ ဇီးရိုးမိုင်ကို ရောက်လာခဲ့တယ်။

နိုင်ငံတကာ

တရုတ် နှစ်သစ်ကူး ကာလမှာ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်ဖို့ စီစဉ်ထားတဲ့ တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကြား လုံခြုံရေးဆိုင်ရာ ဝေဖန် မေးခွန်းထုတ်မှုတွေ ရှိလာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဝန်ခံခဲ့ပါတယ်။

သတင်း

မန္တလေးနဲ့ ပြင်ဦးလွင်မြို့ကို စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်လာဖို့ရှိတာမို့ လုံခြုံရေးတွေချပြီး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။