close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားစဥ် ကျုံပျော်မှ အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရ

​ကျုံပျော်မြို့နယ်ထွေအုပ်နှင့် မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာကိုလည်း သတိပေးခံထားရ

ဇော်ဂျီ(ဧရာဝတီ)/People’s Spring

စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့် ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်။

ကျုံပျော်မြို့နယ်ရှိ ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးမြင့်သောင်းသည် ယနေ့ (ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက ကျေးရွာအနီးလမ်းပေါ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

” ဦးမြင့်သောင်းအရှင်းခံရတာ ဟုတ်တယ်။ ထုံးစံအတိုင်း သူကလည်း စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးတာတွေ၊ စိုက်ပျိုးစရိတ်ချေးငွေတောင်းတာတွေ လိုက်လုပ်နေတဲ့သူဖြစ်တယ်။ အခုပစ်တာတော့ ဘယ်သူတွေကလုပ်တယ်မသိဘူး”ဟု ကျုံပျော်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုနှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများက သတင်းမထုတ်ပြန်သေးပေ။

ထို့အပြင် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး မြင့်ထွန်းနှင့် မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာ ဒေါ်အေးသီတာကို ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဇန်နဝါရီ ၁၃ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ဦးမြင့်ထွန်းနှင့် ဒေါ်အေးသီတာသည် ဒေသခံတောင်သူလယ်သမားများအား‌ စားဝတ်နေရေးကျပ်တည်းနေချိန်၌ စိုက်ပျိုးရေးစရိတ်ချေးငွေကြွေးကျန်များအား ဇန်နဝါရီလ ၂၄ရက် နောက်ဆုံးထားဆပ်ရန် ခြိမ်းခြောက်တောင်းဆိုနေ၍ ယင်းလုပ်ရပ်များရပ်တန့်ရန် သတိပေးထားခြင်းဖြစ်သည်။

ထို့အပြင် အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလကုန်တွင် ဂွမြို့ကို သိမ်းယူသွားပြီးနောက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်မှ မြို့နယ်အချို့၌ စစ်ရေးလှုပ်ရှားမှုများရှိလာသည်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းမြို့နယ်များကို လုံခြုံရေးတိုးခဲ့သည်။ သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားနည်းပြီး ပျူစောထီးများ၊ စစ်ကောင်စီဖွဲ့စည်းထားသည့်ပြည်သူ့လုံခြုံရေးအဖွဲ့များဖြင့်သာ လုံခြုံရေးတိုးထားနိုင်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စိုက်ပျိုးရေးစရိတ်ချေးငွေ ကြွေးကျန်ပြန်မဆပ်ပါကလယ်မြေသိမ်းပြီးတောင်သူသားသမီးများအား စစ်မှူးထမ်းရန်ခေါ်မည်ဟုဆိုကာခြိမ်းခြောက်ထားသည့် ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လယ်ယာဖွံ့ရေးဘဏ်မန်နေဂျာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။

သတင်း

ကျေးရွာအုပ်စုတစ်ခုလျင် လူတစ်ဦးစီပေးရမည်ဖြစ်ပြီး လူမပေးနိုင်ပါက ကျပ်သိန်း ၃၀ပေးရမည်ဟု စစ်ကောင်စီဗျူဟာမှူးက ပြောခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

မေလ ၇ ရက်နံနက်ကကျုံပျော်မြို့နယ်၊အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွင်ဗုံး​ပေါက်ကွဲမှုတွင် ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ​ဆေးကုသမှုခံ​နေရင်းမေလ ၉ ရက်တွင်သေဆုံးသွားခြင်းဟု ကျုံပျော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

သတင်း

မန္တလေး − ပြင်ဦးလွင် ကားလမ်းဘေးမှာရှိတဲ့ လက်ကောင်းရွာက နေအိမ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့သားကို လူ ၄ဦး မနေ့ညပိုင်း ကလာပစ်သွားတာပါ။

Facebook