close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နွံကန်ပြိုကျမှု ရုပ်လောင်း ၂၁ လောင်းတွေ့ရှိပြီး ဆက်ရှာနေ၊ ပျောက်ဆုံးစာရင်းအရ ရှာဖွေဆယ်ယူရန် ၁၅ဦး ကျန်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုအား ရှာဖွေကယ်ဆယ်ရေးဒုတိယရက်နေ့တွင် ရုပ်အလောင်းကိုးလောင်း ထပ်မံတွေ့ရှိပြီး စုစုပေါင်း သေဆုံးသူ ၂၁ဦး အတည်ပြုတွေ့ရှိထားသည်။

နွံကန်ပြိုကျမှုအတွင်း ရှာဖွေတွေ့ရှိသော ရုပ်အလောင်းတစ်လောင်းအား သယ်ယူလာစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စဘော့ကျေးရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် နွံကန်ပြိုကျမှုအား ရှာဖွေကယ်ဆယ်ရေးဒုတိယရက်နေ့တွင် ရုပ်အလောင်းကိုးလောင်း ထပ်မံတွေ့ရှိပြီး စုစုပေါင်း သေဆုံးသူ ၂၁ဦး အတည်ပြုတွေ့ရှိထားသည်။

” ဆက်ရှာနေတယ်။ ပျောက်ဆုံးစာရင်းပေးသူက ၁၅ဦး ကျန်နေသေးတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

စဘော့ကျေးရွာမှ နွံကန်သည် ဇန်နဝါရီ ၁၃ရက် နံနက် ၁နာရီခန့်တွင် ပြိုကျပြီး ကျေးရွာအတွင်းရှိ နေအိမ် ၅၀ကျော် အိမ်ခေါင်မိုး မြုပ်လုနီးပါးအထိ နစ်မြုပ်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

နွံကန်ပြိုကျစဉ် ထွက်ပြေးလွတ်မြောက်လာသူအချို့လည်းရှိပြီး သေဆုံးသူသည် အနည်းဆုံး ၁၀၀ကျော်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားသည်။

သို့သော် ပျောက်ဆုံးစာရင်းပေးထားသူဦးရေမှာ ၃၆ဦးသာရှိပြီး ၂၁ဦး လက်တလော ပြန်တွေ့ထားသည်။

ယမန်နေ့ညနေအထိ ရုပ်အလောင်း ၁၂လောင်းတွေ့ရှိထားပြီး ယနေ့နံနက်ပိုင်းတွင် ခုနစ်လောင်းတူးဖော်နိုင်ပြီး ထပ်မံ၍ ရုပ်နှစ်လောင်းထပ်မံဆယ်ယူနေသည်။

ယမန်နေ့က နွံကန်ပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေကြစဉ် ဖားကန့်မြို့နယ်

ဆန်ခါနှင့်မဇွပ်ယာန်ရွာအတွင်း ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်များ ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် နွံကန်ပြိုကျမှုရှာဖွေကယ်ဆယ်ရေးများ နာရီအနည်းငယ်ကြာ ရပ်နားခဲ့ရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆန်ခါကျေးရွာတွင် ယမန်နေ့(ဇန်နဝါရီ ၁၃ရက်)က စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်ရာတွင် ပေါင်၅၀၀ ဗုံးတစ်လုံး မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည်။

သတင်း

ပထမ​နေ့တွင် က​လေးငယ် ၄ ဦးအပါအဝင် ရုပ်အ​လောင်း ၁၂ ​လောင်းရှာ​ဖွေ​တွေ့ရှိထား

သတင်း

ယနေ့ (ဇန်နဝါရီ ၁၃) ကျရောက်သည့် ကမ္ဘာ့အမေများနေ့တွင် စစ်တပ်၏ မတရားဖမ်းဆီး​ထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်လွတ်မြောက်ပါစေကြောင်း ဖားကန့်မြို့နယ်ရှိ မှော်လှည့်သပိတ်က တောင်းဆိုဆန္ဒပြခဲ့ကြသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွအုပ်စု စဘော့ကျေးရွာအနီးရှိ နွံကန်ပြိုကျ၍ လူသေဆုံးထိခိုက်မှုများရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

Facebook