ရဲခေါင်/People’s Spring
ခရီးသွားကားသမားများ၏ အလှူငွေများဖြင့် လက်နက် ၁၀လက် ဝယ်ယူဖြည့်တင်းနိုင်ခဲ့ကြောင်း တီးတိန်မြို့အခြေစိုက် CDF-CDM (စီးယင်း)၏ စစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦး သို့ပြောသည်။
၂၀၂၄ခုနှစ်က တီးတိန်မြို့နယ်ရှိ သိုင်းငင်စခန်းကို ချင်းတော်လှန်ရေးတပ်များကသိမ်းပိုက်ပြီးနောက် အဆိုပါစခန်းရှိသော လမ်းပိုင်းအသုံးပြုသည့် ခရီးသွားပြည်သူ ကားသမားများက စေတနာဖြင့် အလှူငွေများပေးခဲ့သည်ဟု ဆိုသည်။
“အရင်တုန်းက သိုင်းငင်စခန်း မသိမ်းခင်တုန်းက စကစတွေက ကားဆရာတွေဆီကနေ တစ်စီး လေးငါးခြောက်သိန်းကောက်တာ။ကျွန်တော်တို့ သိမ်းအပြီးမှာတော့ ကားဆရာတွေဆီက စေတနာရှိသလောက် လှူပေးပါပဲ ပြောခဲ့တာ။အဲဒီကနေ အခု တစ်နှစ်အတွင်းရတဲ့ငွေတွေကနေ ဝယ်နိုင်ခဲ့တာပေါ့”ဟု CDF-CDM (စီးယင်း)၏ စစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦး သို့ပြောသည်။

Public Service Announcement
ထို့ကြောင့် စေတနာဖြင့် ငွေထည့်ဝင်ကြသော ကားဆရာများကိုလည်း ကျေးဇူးတင်ရှိကြောင်းCDF-CDM (စီးယင်း)က ယနေ့(ဇန်နဝါရီ ၁၄ရက်) ထုတ်ပြန်သည်။
“ဌာနချုပ်အရောက် တစ်လက်ကို သိန်းနှစ်ရာလောက်နဲ့ဝယ်ယူခဲ့ရတယ်”ဟု ကိုထောင်းပူက ပြောသည်။
သိုင်းငင်းကျေးရွာသည် ကလေး-တီးတိန်လမ်းမပေါ်ရှိ ကလေးမြို့မှ တီးတိန်နှင့် ဖလမ်းမြို့တို့ဆက်သွယ်သည့် လမ်းဆုံတွင် ရှိသည်။ သိုင်းငင်းကျေးရွာတွင် စစ်ကောင်စီတပ်က ၂၀၂၂ဇန်နဝါရီကစ၍ အထိုင်ချခဲ့ပြီး အဆိုပါစခန်းကို ချင်းတော်လှန်ရေးတပ်များက ၂၀၂၄ ဇန်နဝါရီ ၁၆ရက်က သိမ်းပိုက်နိုင်ခဲ့သည်။
