အိမ်သွင်/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာတွင် ယမန်နေ့(ဇန်နဝါရီ ၁၃ရက်)က စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်ရာတွင် ပေါင်၅၀၀ ဗုံးတစ်လုံး မပေါက်ကွဲသေးဘဲ ကျန်ရှိနေသည်။
အဆိုပါဗုံးသည် ဆန်ခါကျေးရွာမှ နေအိမ်ဝင်းတစ်ခုရှိ အိမ်သာကျင်းဘေး၌ စိုက်ဝင်နေခြင်းဟု ဆိုသည်။
” ဖော်မယ်လို့တော့ လုပ်နေကြတယ်။ ဒါပေမယ့် ကြောက်လို့ ရပ်ထားတယ်။ ဗုံးကပေါင် ၅၀၀ဗုံးသီးလုံးကြီး။ ဒေသခံတွေအတွက် အရမ်းအန္တရာယ်ရှိတယ်”ဟု ဆန်ခါဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
စစ်ကောင်စီသည် ယမန်နေ့က ဖားကန့်မြို့နယ်ရှိ ဆန်ခါနှင့်မဇွပ်ယာန်ကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယခုတွေ့ရှိသည့် ဗုံးအား မည်ကဲ့သို့ ဖြေရှင်းမည်ကို မသိရသေးပေ။
