close
Connect with us

Hi, what are you looking for?

သတင်း

စစ်ဒေသ(၁)၌ နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး လက်နက်နှင့် အလင်းဝင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးလက်နက်နှင့် အလင်းဝင်ရောက်လာကြောင်း စစ်ဒေသ(၁)က သတင်းထုတ်ပြန်သည်။

စစ်ဒေသ(၁)ထံ အလင်းဝင်လာသော စစ်ကောင်စီဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ဒေသ(၁)

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးလက်နက်နှင့် အလင်းဝင်ရောက်လာကြောင်း စစ်ဒေသ(၁)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၀ရက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှ ပြည်သူ့စစ် နှစ်ဦး၊ ဇန်န၀ါရီ ၉ရက်တွင် မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် ရဲစခန်းမှ ရဲတပ်သား တစ်ဦး၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့မှ စစ်ကောင်စီတပ်သား နှစ်ဦးတို့သည် အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအ‌ခြေပြုနေသော ဗိုလ်ကြီးအေးမျိုးထွန်း ဦးစီးသော ခမရ(၁၃)တပ်ရင်းမှ ပြည်သူ့စစ်တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား တစ်ဦးသည် G-3 (၁) လက်၊ ကျည် (၃၄၉)တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်အိမ် (၂)ခုတို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်သည်။

ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၈ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များက ၂၀၂၅တွင် စစ်ရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီကို အကာအကွယ်မပေးဘဲ ပြည်သူ့ဘက် ပူးပေါင်းအလင်းဝင်ကြရန် ဖိတ်ခေါ်ထားသည့် အခြေအနေတွင် ဒေသအသီးသီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ဦးချင်းစီသော်လည်းကောင်း တပ်ဖွဲ့လိုက်သော်လည်းကောင်း အလင်းဝင်ရောက်မှုများ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂)...

သတင်း

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံဖမ်းမိပြီး လက်နက်များရဟု အသိပေး

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်း ၄၇ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသက ယနေ့(ဒီဇင်ဘာ ၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။