close
Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်၌ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှု ၄၇ဦးသေ၊ ၆ဦး အရှင်မိပြီး ၁၇ဦးပျောက်ဆုံးနေဟု စစ်ဒေသ(၁)အသိပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်း ၄၇ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသက ယနေ့(ဒီဇင်ဘာ ၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်းဖမ်းမိသော စစ်သုံ့ပန်း ၆ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ် (၁)စစ်ဒေသ

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်း ၄၇ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသက ယနေ့(ဒီဇင်ဘာ ၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်အခြေစိုက် အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ထွက်လာသည့် အင်အား ၇၀ ပါစစ်ကြောင်းကို ရွှေဘိုခရိုင် လက်အောက်ခံ PDF ပူးပေါင်းတပ်များက ဇန်နဝါရီ ၅ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဝက်လက်မြို့နယ် မှတ်ထိကျေးရွာတောင်ဘက်၌ ဖြစ်ခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း စစ်ကြောင်းမှူး ဗိုလ်ကြီးမျိုးမင်းသူဦးစီးပြီး တပ်ခွဲမှူး ဗိုလ်ကြီးနေမျိုးဦး၊ ဒုရဲမှူးဇင်ကိုကို တို့ပါဝင်သည့် စစ်ကောင်စီ၏ စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲတို့မှ ပူးပေါင်းအင်အား (၇၀)ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် လက်အောက်ခံ PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ ၄၇ဦး သေဆုံးကာ ၆ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ထို့အပြင် ကျန် ၁၇ဦးမှာ ပျောက်ဆုံးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း လက်နက် (၄၆)လက် သိမ်းဆည်းရမိခဲ့ကြောင်းလည်း အသိပေးသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းအား ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွန်ကြားမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၄၊ ၅၊ ၁၅၊ ၂၃)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး ဒရုန်းတပ်ဖွဲ့၊ M.Sai Naw ဒရုန်းတပ်ဖွဲ့၊ Phoenix Wings ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ရက်ကပင် ဝက်လက်မြို့နယ်၊ အုန္နဲဘုတ်ရွာ၌ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာမှ ထွက်လာသော ဗိုလ်ကြီးအေးမျိုးထွန်း ဦးစီးသော တပ်မ-၃၃ လက်အောက်ခံ စစ်ကြောင်းမှ အင်အား (၈၃)ဦးပါ စစ်ကြောင်းအား ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၁၈)၊ ဒေါင်းနီ (LPDF) ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက အသိပေးထားသည်။

အဆိုပါတိုက်ပွဲတွင်ပါဝင်သည့် ရွှေဘိုခရိုင် တပ်ရင်း(၁၈)ကလည်း တိုက်ပွဲသတင်းအသိပေးထားရာ စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက် ၅လက် သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

ထို့အပြင် ဝက်လက်မြို့နယ်၌ စခတ-၈မှ အင်အား (၇၀)ပါစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဝက်လက်မြို့မှ စစ်ကောင်စီက စစ်ကူပေးရန်ထွက်လာသော အင်အား (၃၀)ပါ ဗိုလ်ကြီးကျော်မင်းခိုင်၏ စစ်ကူစစ်ကြောင်းအား ထပ်မံတိုက်ခိုက်ခံခဲ့ရာ ဗိုလ်ကြီးအပါအဝင် ကိုးဦးဒဏ်ရာရရှိကြောင်း ရွှေဘိုခရိုင် အမှတ်(၁၅)တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက လူထုနွေဦးသို့ ပြောသည်။

“အဲဒီနေ့ ညနေ ၃နာရီခွဲမှာ ဝက်လက်ကနေ စခ ၃၀ပါတဲ့ စစ်ကူကို တိုက်တာမှာ ကိုးဦးဒဏ်ရာရတယ်။ဗိုလ်ကျော်မင်းခိုင် ပါတယ်။ပျူစောထီးပါတယ်။မီးသတ်ရုံး အရာခံဗိုလ်လည်း ပါတယ်။အခု ဝက်လက်မြို့ဆေးရုံမှာ တင်ထားရတယ်”ဟု တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောသည်။

လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ စစ်ကောင်စီ၏ ပြင်ဆင်မှုကို စောင့်ကြည့်နေဆဲဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း သုံးခုတပြိုင်တည်း တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တစ်ရက်တည်း စစ်ကောင်စီ၏ စစ်ကြောင်းသုံးခုအား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မှတ်ထိရွာနှင့် မင်းကုန်းကျေးရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော ဗိုလ်ကြီးမျိုးမင်းသူ ဦးစီးသော အမှတ်(၈)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၈)မှ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဇန်နဝါရီ၅ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ လက်နက် (၄၄)လက် သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက...

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဇန်နဝါရီ ၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်စစ်​ကြောင်း ၂ ​ကြောင်းကို ​​ဒေသတွင်းတော်လှန်ရေးပူး​ပေါင်းတပ်တွေက ၂ နေရာမှာ တိုက်ခိုက်ခဲ့တာမှာ စုစုပေါင်းစစ်သား၁၀၀ ဝန်းကျင်သေဆုံးပြီး ၉ ဦးအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မင်းကုန်းကျေးရွာ နဲ့ မှတ်ထိကျေးရွာကြားမှာ ရွှေဘိုမြို့ဘက်ကထွက်လာတဲ့စစ်တပ်စစ်ကြောင်း ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာမှာ စစ်ကြောင်းတကြောင်းလုံးသေဆုံးကာ ၆ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။