close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖမ်းဝရမ်း သက်တမ်း မကုန်ခင် သမ္မတကို ဖမ်းပေးဖို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ တောင်းဆိုခံထားရ

သမ္မတကို ပစ်မှတ်ထား ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း သက်တမ်း မကုန်ခင် လက်တွေ့ ဖမ်းဆီးပေးဖို့ တောင်ကိုရီးယား အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

သမ္မတကို ပစ်မှတ်ထား ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း သက်တမ်း မကုန်ခင် လက်တွေ့ ဖမ်းဆီးပေးဖို့ တောင်ကိုရီးယား အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ လဆန်းတုန်းက ရုတ်တရက် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ သမ္မတ ယွန်ဆွတ်ခ်ယောအတွက် ဆိုးလ်တရားရုံး တစ်ခုက ထုတ်ပြန်ပေးထားတဲ့ ဖမ်းဝရမ်းဟာ သက်တမ်း ၇ ရက်သာ ကန့်သတ်ထားပြီး ဇန်နဝါရီ ၆ ရက်နေ့ ညသန်းခေါင်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

အဂတိ တိုက်ဖျက်ရေး အေဂျင်စီနဲ့ အမှုစစ် အရာရှိတွေဟာ သက်တမ်း ၆ နာရီကျော်သာ ကြာမြင့်ပြီး ပျက်ပြယ်ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေး အမိန့် ကြေညာမှုနဲ့ ပတ်သက်လို့ ယွန်ကို စုံစမ်းမေးမြန်းဖို့ အနည်းဆုံး သုံးကြိမ်လောက် ဆင့်ခေါ်ခဲ့ပေမယ့် သမ္မတက ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်လည်း တောင်ကိုရီးယား သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အာဏာရ သမ္မတကို ဖမ်းဝရမ်းထုတ်ပြီး စုံစမ်းစစ်ဆေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့တုန်းက ရဲတွေဟာ ဆိုးလ်မှာရှိတဲ့ သမ္မတ အိမ်တော်ထဲထိ ယွန်ကို ဝင်ဖမ်းဖို့ အားထုတ်ခဲ့ပေမယ့် ယွန်ကို ထောက်ခံသူတွေ၊ ပြီးတော့ သမ္မတရဲ့ လုံခြုံရေး အရာရှိတွေက ဟန့်တားခဲ့တာကြောင့် မအောင်မြင်ဘဲ နာရီပေါင်း အတော်များများ ကြာပြီးချိန်မှာ ဆုတ်ခွာခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဝရမ်းသက်တမ်း နောက်ဆုံးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာတော့ အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ယွန်ကို ဖမ်းဖို့ကိစ္စ လက်တွေ့ အကောင်အထည်ဖော်ဖို့ ရဲတွေကို ထပ်မံ တိုက်တွန်းလာခဲ့တာ ဖြစ်ပါတယ်။

အေဂျင်စီဖက်က တောင်းဆိုထားတဲ့ အချက်တွေကို ဥပဒေကြောင်းအရ ကိုက်ညီမှန်ကန်မှု ရှိသလား ဆိုတာကို ကနဦး သုံးသပ်နေတယ်လို့ ရဲအရာရှိ တစ်ယောက်က ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ယွန်ရဲ့ ရှေ့နေတွေက အဂတိ တိုက်ဖျက်ရေး အေဂျင်စီဟာ သမ္မတကို ရာဇဝတ်ကြောင်းဆိုင်ရာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ပိုင်ခွင့်အာဏာ မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

ယွန်ကလည်း သူ့ကို ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို အတိအလင်း ဖီဆန်ပြီး အဆုံးထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးယားမှာ သမ္မတကို ဖမ်းဆီးဖို့ အားထုတ်ပြီး အရှုပ်အထွေး ဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားက လှောင်ပြောင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့အပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောက အာခံ ငြင်းဆိုခဲ့ပြီး အဆုံးအထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောကို တောင်ကိုရီးယား တရားရုံးတစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

ရာထူးကနေ အလျှော့ပေး နုတ်ထွက်ဖို့ အစီအစဉ် မရှိဘဲ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောက ပြောကြားလိုက်ပါတယ်။