close
Connect with us

Hi, what are you looking for?

သတင်း

ဆင်ဖြူကျွန်းရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

ဇန်နဝါရီ ၂ ရက် ညပိုင်းကလည်း ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ၏ ထွေအုပ်ရုံးကို ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဆင်ဖြူကျွန်းရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ
ဆင်ဖြူကျွန်းရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ ရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁ ရက် ညပိုင်းက စစ်ကောင်စီတပ်နှင့် ရဲအင်အား ၅၀ ခန့်ရှိနေသည့် ဆင်ဖြူကျွန်းနယ်မြေရဲစခန်းအဝင်ဂိတ်နေရာအနီးသို့ ဗုံးသီးပစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ရဲစခန်း ကင်းဂိတ်ကို ဗုံးနဲ့တိုက်ခိုက်ခဲ့တာပါခင်ဗျ။ စကစ ဘက်က ထိခိုက်မှုအခြေအနေတော့ မသိရှိရသေးပါဘူး”ဟု ဆင်ဖြူကျွန်း မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ဇန်နဝါရီ ၂ ရက် ညပိုင်းကလည်း ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ၏ ထွေအုပ်ရုံးကို ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ထွေအုပ်ရုံး၌ စစ်ကောင်စီတပ်သားအချို့ အထိုင်ချတပ်စွဲထားပြီး တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးပေ။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်း ဆင်ဖြူကျွန်းမြို့တွင် စစ်ကောင်စီတပ်မှ ကျေးရွာများသို့ ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးမှုများရှိခဲ့ရာ လူဦးရေဆယ်ဂဏန်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

"အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force - UGက အသိပေးသည်။

သတင်း

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Facebook