close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ပျူစောထီးခေါင်းဆောင်ဝင်းကိုနှင့်အဖွဲ့တိုက်ခိုက်ခံရ၍ သေနတ်များထား ထွက်ပြေး

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(တောင်သာမြို့နယ် ပျူစောထီးဝင်းကိုနှင့်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်များကို တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သာမြို့နယ် ပကဖ)
(တောင်သာမြို့နယ် ပျူစောထီးဝင်းကိုနှင့်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်များကို တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သာမြို့နယ် ပကဖ)

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဝင်းကိုနှင့်အဖွဲ့အားတိုက်ခိုက်ရာသေနတ်များထား ထွက်ပြေးသွားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြောသည်။

ဒီဇင်ဘာ ၃၀ရက် နံနက် ၅နာရီခွဲခန့်တွင် တောင်သာမြို့နယ် မြင်ခြံ – ညောင်ဦးလမ်းပိုင်းဘေး ဆင်ဖြုကျေးရွာရှိ စစ်ကောင်စီခန့်ပျူစောထီးခေါင်းဆောင် ဝင်းကိုနှင့်အဖွဲ့အား တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဝင်းကို ဦးဆောင်တဲ့ပျူစောထီး ၁၀ဦးလောက်ရှိတယ်။အကုန်ထွက်ပြေးသွားတယ်။သူတို့နေတဲ့ နေရာနဲ့ စီးတဲ့ကားတွေအကုန် လုံးလည်း ရှင်းလင်းနိုင်ခဲ့တယ်”ဟု တောင်သာပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝင်ရောက်တိုက်ခိုက်မှုကို တောင်သာ ပကဖ နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Burmese Guerrilla Force -Myingyan (BGF)၊ ညောင်ဦး ပကဖ ၊ ညောင်ခရိုင်အမှတ် (၅)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့် နေရာတိုင်းတွင် စစ်ရေးဖော်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာနေထိုင်ရန် ၊ မလိုအပ်ဘဲ ခရီးသွားခြင်းမပြုကြရန် နှင့် အိမ်စီးကားများ မှန်ချမောင်းနှင်ပေးရန်လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းသည်။

ဒီဇင်ဘာ ၂၉ရက်ကလည်း တောင်သာမြို့နယ် အေးရွာတွင် လက်ဖက်ရည်ထိုင်သောက်နေသည့် လေတပ်မှ ဗိုလ်ကြီး ကြည်ဖေလင်းနှင့် ၎င်း၏ တပည့်ဖြစ်သူတို့အား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၏ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်ရှင်းလင်းခဲ့သည်။

တောင်သာမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး စစ်ကောင်စီတပ်​၏ လုံခြုံရေးကင်းဘူခန်းရှိပြီး အဲဒီကင်းစခန်း၌ တာဝန်ကျနေသည့်လေတပ်ဗိုလ်ကြီးနှင့် ဒုအရာခံဗိုလ်တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force - UGက အသိပေးသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃၀ ရက်) နံနက် ၉ နာရီနှင့် နေ့လည် ၁၁ နာရီတို့တွင် ယုန်လေး နှင့်အပေါင်းအပါများအား ချိန်ကိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ၂၈ရက် ည ၇နာရီခွဲအချိန်တွင် မြဝတီမြို့မရဲစခန်း ဗုံးနှစ်လုံးချတိုက်ခိုက်ခံရ၍ ရဲလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

သတင်း

ပြည်သူများအနေဖြင့် ပွဲလမ်းသဘင်များ ပြုလုပ်လျှင် စစ်ကောင်စီတပ်သားများနှင့် နီးစပ်ရာများ၌ မပြုလုပ်ရန် MBTက မေတ္တာရပ်ခံသည်။

Facebook