close
Connect with us

Hi, what are you looking for?

သတင်း

ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးအား မြောက်ဥက္ကလာပကဖ တိုက်ခိုက်

၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

(ရွှေပေါက္ကံမြို့သစ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - မြောက်ဥက္ကလာပမြို့နယ် ပကဖ)
(ရွှေပေါက္ကံမြို့သစ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့နေရာအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - မြောက်ဥက္ကလာပမြို့နယ် ပကဖ)

သတိုး/People’s Spring

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

“ရွှေပေါက္ကံက အုပ်ချုပ်ရေး‌မှုးနိုင်ဝင်းက ပိုက်ဆံလည်း‌ တော်တော်ချမ်းသာတယ်။ ခရိုနီ။ ဒီကောင်က ညကဒီသတင်းကို လုံးဝအပြင်ကိုမထွက်အောင်လုပ်ထားတယ်။ ထိခိုက်မှုကတော့ ရှိတယ်။ နှစ်ကောင်လောက်ရှိတယ်”ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို နှစ်သစ်ကူးပြောင်းချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အရက်မူးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်ရှိနိုင်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့်အဖွဲ့သားအားလုံး ဘေးကင်းကြောင်း ဆိုသည်။

Public Service Announcement

Public Service Announcement

မြောက်ဥက္ကလာပမြိုနယ်၌ စစ်ဆင်ရေးများ အဓိကဆောင်ရွက်လျက်ရှိပြီး ပြည်သူများကလည်း တတ်နိုင်သလောက် ပါဝင်ကူညီပေးရန် မြောက်ဥက္ကလာပမြို့နယ် ပကဖက မေတ္တာရပ်ခံထားသည်။

၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

"အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်သား လေးဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် ကျည်များသိမ်းဆည်းရရှိခဲ့ကြောင်း Young Force - UGက အသိပေးသည်။

သတင်း

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃၀ ရက်) နံနက် ၉ နာရီနှင့် နေ့လည် ၁၁ နာရီတို့တွင် ယုန်လေး နှင့်အပေါင်းအပါများအား ချိန်ကိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Facebook