close
Connect with us

Hi, what are you looking for?

သတင်း

စစ်​အာဏာရှင်စနစ်ကိုဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းမှာ လှုံ့ဆော်ဆန္ဒပြ

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်​အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၃)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာစစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို တော်လှန်ရုပ်ရှင် ပြသခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းရုပ်ရှင်ပြပွဲကို ယင်းမာပင် ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်ကော်မတီ ၊ လူငယ့်အားမာန်သပိတ်ကော်မတီ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၁)တို့နဲ့အတူ ကလေးဒေသလူထုသပိတ်ဦးဆောင်သူ ကိုဗိုက်ပူတို့ ပူးပေါင်းပါဝင်ခဲ့ပြီး သပိတ်ဦးဆောင်သူတွေက နိုင်ငံရေးအခြေနေတွေကို မျှဝေခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းနဲ့ ရွာပေါင်းစုံ သပိတ်စစ်ကြောင်း နှစ်ခု ပူးပေါင်းပြီး တောင်ယာသပိတ်ကို ဆင်နွှဲရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

နှစ်သစ်ကူး အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန် ကြီး ဦးရည်မွန် ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း အမှတ်(၁) စစ်ဒေသကထုတ်ပြန်သည်။

သတင်း

လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။

သတင်း

၂၀၂၄ ဇန်နဝါရီမှ နိုဝင်ဘာ ၁၀ရက်အထိ နိုင်ငံတဝှမ်းလုံး စစ်ကောင်စီဘက်က ဆုတ်ခွာသွားသည့် တပ်စခန်းများအခြေအနေကို အသိပေး ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ရန်သူစစ်ကောင်စီက ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များအား လေကြောင်းမှ အကြီးအကျယ် တိုက်ခိုက်ဖျက်ဆီးနေသည်ဟု ရဲဘော်ဩဇာက ပြောသည်။

Facebook