close
Connect with us

Hi, what are you looking for?

သတင်း

ဖြူးမြို့နယ်တွင် အရပ်သားများရှိရာနေရာကို စစ်ကောင်စီကဒရုံးဗုံးကြဲ ၇ဦးသေဆုံး

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။

ဒရုန်း ဗုံးကြဲခံရ​သော ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းအတွင်းမှ အ​ဆောက်အအုံ။ ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ဖြူးမြို့နယ်အတွင်း အရပ်သားများရှိရာ ဘာသာရေးအဆောက်အဦတစ်ခုအနီးကို စစ်ကောင်စီက ဒရုံးဖြင့်ဗုံးကြဲ၍ ဒဏ်ရာရသူများအား ဆွဲထုတ်နေသည့် လူအုပ်အတွင်း ထပ်မံ၍ ဗုံးကြဲပြန်ရာ ၇ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိသည်။

အဆိုပါဖြစ်စဉ်သည် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းတွင် ဒီဇင်ဘာလ ၃၁ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်​ကြောင်း ဖြူးမြို့နယ်မှပြည်သူ့ကာကွယ်‌ရေးရဲဘော်တစ်ဦးကပြောသည်။

“ကျတော်တို့ သိတယ်။ အဲ့ကိစ္စကို။ စစ်တပ်က ဘုရားကျောင်းဝင်းထဲကိုပထမဒရုန်းနဲ့ဗုံးကြဲတယ်။ ဒဏ်ရာရတဲ့သူတွေကို ဝိုင်းဆွဲထူနေတဲ့အချိန်မှာ လူတွေကြားထဲ နောက်ထပ်ဗုံးထပ်ကြဲတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် အမျိုးသမီးအချို့အပါအဝင် ၁၄ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းတို့အနက် ၇ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်၌ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ခဲ့သည်။ စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများပြားပြီးနောက် အရပ်သားများကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု တောင်ငူခရိုင်မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် ကရမ်းနဂါးကျေးရွာဟိန္ဒူဘုရား‌ကျောင်းဝင်းအား တိုက်ခိုက်မှု၌ PDFများ သေဆုံးခြင်းဟု သတင်းအမှားထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နှစ်သစ်ကူးကာလဖြစ်သည့် ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ရက်တွင် ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး​သေခံပြည်သူ ၁၅ဦးထက်မနည်းလည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးမောက်နှင့် ဒေါ့ဖုန်းယန်သို့ စစ်ရှောင်နေသည့် ဗန်းမော်ဒေသခံ ၁၅,၀၀၀ခန့်ရှိပြီး အရေးပေါ် အကူအညီ လိုအပ်နေ

သတင်း

နှစ်သစ်ကူးကာလ နှစ်ရက်အတွင်း စစ်ကောင်စီ၏ ‌လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိခဲ့သည်။

သတင်း

စက်တင်ဘာ ၃၁ရက်က ကူတော်ရဲကင်းစခန်းမှ အင်အား ၈၅ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးပျက်စီးသွားခဲ့သည်။

သတင်း

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့၌ ယမန်နေ့က တိုက်ပွဲဆက်ရှိဟု လူမှုကွန်ရက်မှ တဆင့်အသိပေးထားသည်။

Facebook