close
Connect with us

Hi, what are you looking for?

သတင်း

NUG လွတ်ငြိမ်းဖြင့် က​လေးမြို့နယ်မှ အကျဥ်းသား ၂၀ ဦး လွတ်​ငြိမ်းခွင့်ရ

လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။

ဓါတ်ပုံ-KTPP
ဓါတ်ပုံ-KTPP

ကဖေး/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်တွင် ကလေးမြို့နယ်မှ အကျဉ်းသား၂ဝဦး လွတ်ငြိမ်းခွင့်​ပေးခဲ့ပြီး လူသတ်မှုအပါအဝင် အမှုကြီးများကျူးလွန်သူ ၃၀ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ယာယီသမ္မတ၏ အမိန့်အရ ကလေးမြို့နယ်ရှိ အကျဉ်းထောင်/အချုပ်ခန်းများတွင် ချုပ်နှောင်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် အကျဉ်းသား/သူ ၂၀ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကဇန်နဝါရီလ ၂ရက်၌ သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ-KTPP
ဓါတ်ပုံ-KTPP

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ယာယီကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်မှ သတ်မှတ် ချက်နှင့် ကိုက်ညီသည့် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)မှုဖြင့် ထောင်ဒဏ်(၂)နှစ်ပြစ်ဒဏ်ချခံထား ရသည့် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးခြောက်ဦး၊ မူးယစ်ဆေးဝါးပုဒ်မဖြင့် ၁၆(ဂ)ဖြင့်ပြစ်ဒဏ်ချခံထား ရသည့် အမျိုးသားခုနစ်ဦး၊အမျိုးသီးတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။

“လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူတွေ လွတ်တဲ့အထဲမပါဘူး။ ပြစ်ဒဏ်လျှော့တဲ့အထဲတော့ပါတယ်” ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိန်းချုပ်နယ်မြေများရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင်ပြစ်ဒဏ်ကျခံလျက်ရှိသည့်အကျဉ်းသား၁၆၉ ဦးအား လွတ်ငြိမ်းပေးပြီး ကျန်အကျဉ်းသားများအား ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေသည့်လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်‌ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇန်နဝါရီလက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယခုနှစ်သစ်မှာ နိုင်ငံနဲ့ လူထုတရပ်လုံးအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားတဲ့ တော်လှန်ရေးအောင်ပွဲတွေကို ဆက်လက်ရယူနိုင်လိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ဖွဲ့လုံးက ယုံကြည်ထားကြောင်း ယာယီသမ္မတက အခိုင်အမာဆိုပါတယ်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ်သည် PDFသင်တန်းကျောင်းများသို့ သွားရောက်ပြီး PDFများအဖြစ် တော်လှန်ရေး၌ ပါဝင်လာကြသည့် လူငယ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၃၁ရက်က ထုတ်ပြန်ထားသည်။

သတင်း

စစ်တပ်အာဏာသိမ်းအပြီးတွင် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ မေလ ၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆင့်ဆင့်အုပ်ချုပ်ရေးယန္တရားများကို ပိုမိုပြီး ပြည်သူကို မျက်နှာမူသည့် ပြည်သူကို အလေးထားသည့်စည်းကမ်းသေဝပ်သည့် အုပ်ချုပ်ရေးယန္တရားများ ဖြစ်လာအောင် အထူးအလေးထား ဆောင်ရွက်မည်ဟု ၎င်းက ပြောသည်။

Facebook