close
Connect with us

Hi, what are you looking for?

သတင်း

စခန်းသိမ်းခံရမှာ​စိုးရိမ်း​နေတဲ့စစ်​ကောင်စီက ရှိမ်းမကားရဲစခန်း​အနီးက​တောအုပ်ထဲ​လေ​ကြောင်းတိုက်ခိုက်

ရှိမ်းမကားကျေးရွာကသမိုင်းဝင်ဘေးမဲ့တောနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းရှိပြီး ကျေးရွာစျေးကတော့ မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံတွေ​ရှောင်တိမ်းနေရတာလည်း တနှစ်ကျော်ရှိနေပြီလို့သိရပါတယ်။

(ရှိမ်းမကားရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရှိမ်းမကားရွာဆိုင်းဘုတ်ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရှိန်း/People’s Spring

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(PDF)တွေရှိတယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကြောက်လန့် လေယာဥ်ခေါ် ဗုံးကြဲခိုင်းတာ​ကြောင့် ရှိမ်းမကားရဲစခန်းအနီးကလူမနေနဲ့ တောအုပ်ထဲကိုဇန်နဝါရီ ၁ ရက်​နေ့က စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတယ်လို့ဒေသခံတွေက​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းကရှိမ်းမကားကျေးရွာရဲစခန်းကို PDFတွေက ည​ပိုင်း​တွေမှာလက်နက်ချဖို့ နဲ့ စခန်းသိမ်းမယ့်အကြောင်းမကြာခဏလာအော်တာကြောင့် အဲဒီစခန်းကရဲနဲ့စစ်သားတွေက လေယာဥ်ပစ်ကူခေါ်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ရင်းနှီးသူတွေဆီကသိရပါတယ်။

ဇန်နဝါရီလ၁ရက်နေ့ ညနေ၄နာရီ နဲ့ ၅နာရီဝန်းကျင်တို့မှာ ရှိမ်းမကားရွာရဲ့အနောက်ဘက်က စခန်းကုန်း နဲ့ ဖိုကုန်းရပ်ကွက်​တွေ ကို မနေ့စစ်တပ်ကလေကြောင်းတိုက်ခိုက်သွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူအထိအခိုက်လည်းမရှိဘူး။ဘာမှမရှိဘူး။တိုက်ပွဲလည်းမရှိဘဲနဲ့ အလွတ်တန်းကြီးလာပစ်သွားတာ “လို့ ဝက်လက် information Networkက ကိုနဂါးလေးကပြောပါတယ်။

ဒါ့အပြင် ည၇နာရီကျော်မှာလည်း Y-12နဲ့ ရှိမ်းမကားရဲစခန်းထဲကို လက်နက်ရိက္ခာတွေလာချသွားတယ်လို့ စုံစမ်းသိရပါတယ်။

ရှိမ်းမကားရဲစခန်းဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းက ဧရာဝတီမြစ်ကြောင်းတလျှောက်စစ်ကောင်စီထိုင်ထားနိုင်တဲ့တခုထဲကျန်တဲ့နယ်မြေရဲစခန်းဖြစ်ပါတယ်။အဲဒီစခန်းကို တော်လှန်ရေးတပ်တွေမကြာခဏတိုက်ခိုက်တာကြောင့်လေယာဥ်ပစ်ကူအမြဲပေးနေတဲ့စခန်းလည်းဖြစ်ပါတယ်။

ရှိမ်းမကားကျေးရွာကသမိုင်းဝင်ဘေးမဲ့တောနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းရှိပြီး ကျေးရွာစျေးကတော့ မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံတွေ​ရှောင်တိမ်းနေရတာလည်း တနှစ်ကျော်ရှိနေပြီလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် လက်အောက်ခံ ပြည်သူ့စစ် PNO နှင့်ပူးပေါင်းပြီး PNLA နယ်မြေအတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍လည်းတိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသည်။

သတင်း

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူ စစ်ဘေးရှောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုများဟုလည်း ၎င်းက အသိပေးသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃၁ရက်) ညနေ ၄နာရီခန့်တွင် ဆင်စခန်းစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးသုံးကြိမ်ကြဲချခဲ့ခြင်းဟု သိရသည်။

သတင်း

နေ့လည် ၁နာရီကျာ်က ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချ တိုက်ခိုက်ခြင်းဟု ဒေသခံစစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောသည်။

Facebook