close
Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းတော်လှန်ရေးတပ် PNLO/PNLA ဌာနချုပ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီသည် လက်အောက်ခံ ပြည်သူ့စစ် PNO နှင့်ပူးပေါင်းပြီး PNLA နယ်မြေအတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍လည်းတိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသည်။

(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)
(ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - PNLA)

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA) ဗဟိုဌာနချုပ်ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLAက ၂၀၂၄ ဒီဇင်ဘာ ၃၁ရက်တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၃၁ရက်နံနက်က က်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို တိုက်လေယာဉ်ဖြင့် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“မနက် ၁၁နာရီ အချိန်မှာ ၄ကြိမ် လာကြဲသွားတယ်။ အများပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းတခု ထိခိုက်ပျက်စီးသွားပါတယ်။ အများပြည်သူကို ဝန်ဆောင်မှု ပေးနေတဲ့ ဆေးခန်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိ၊မရှိ အခြေအနေကို PNLAဘက်က အသိပေးထားခြင်းမရှိပေ။

PNLAသည် ၂၀၂၄ နှစ်ဆန်းကစ၍ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ဆီဆိုင်၊ မောက်မယ်နှင့် ဟိုပုံးဒေသများ၌ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။

ဆီဆိုင်မြို့ကို ပြီးခဲ့သည့် နှစ်ဆန်းပိုင်း၌ PNLAက သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး အသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ ပြန်လည်နေရာယူခဲ့သော်လည်း ဒေသတွင်း တိုက်ပွဲအချို့ ဆက်ရှိနေဆဲဖြစ်သည်။

စစ်ကောင်စီသည် လက်အောက်ခံ ပြည်သူ့စစ် PNO နှင့်ပူးပေါင်းပြီး PNLA နယ်မြေအတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍လည်းတိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ယခုနှစ်သစ်တွင်အောင်ပွဲများရယူရန်ပြင်ဆင်နေပြီး ယုံကြည်မှုများရှိကာ စခန်းများ အပြီးသတ်သိမ်းနိုင်ရန် ကြိုးစားမည်ဟုလည်း KNDF ဥက္ကဌက ဆိုသည်။

သတင်း

ပုဂ္ဂလိကစာသင်ကျောင်းများကို စစ်ကောင်စီက ခရစ္စမတ်ကာလ ကျောင်းပိတ်ရက်မတိုင်မီ ရောက်ရှိလာပြီး အဆိုပါစာရင်းများ တောင်းယူသွားခြင်းဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူ စစ်ဘေးရှောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုများဟုလည်း ၎င်းက အသိပေးသည်။

သတင်း

ရခိုင်ပြည်နယ်တွင်စစ်ရှုံးပြီး တိုင်းစစ်ဌာနချုပ် အပါအဝင် ၁၄ မြို့နယ် ဆုံးရှုံးခဲ့​သောစစ်ကောင်စီက ရခိုင် နှင့် အာရက္ခတပ်​တော် (AA) မုန်းတီးရေးများ အရှိန် မြှင့်ဖန်တီးလာသည်။

Facebook