close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

လေကြောင်းတိုက်ခိုက်မှုများအနက် သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း ၈ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

(KIA ဂေါ်ရခါးတပ်ရဲဘော်များအား သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ၂၀၂၄ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Go Pal Rimal/FB)
(KIA ဂေါ်ရခါးတပ်ရဲဘော်များအား သိမ်းပိုက်ထားသော စစ်ကောင်စီတပ်စခန်းတစ်ခုရှေ့တွင် ၂၀၂၄ ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Go Pal Rimal/FB)

▪️ယမန်နေ့တစ်ရက်တည်း စစ်ကောင်စီလေကြောင်မှ ၁၁ကြိမ်ပစ်ကူပေးခုခံ

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေရာ ၁လနီးပါးရှိပြီဖြစ်ပြီး ယမန်နေ့ (ဒီဇင်ဘာ ၃၁ရက်)က မြို့ပေါ် တိုက်ပွဲပြင်းထန်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က ဗန်းမော်မြို့ထဲမှာ တိုက်ပွဲပြင်းထန် တယ်။ မြို့ထဲလေကြောင်းတိုက်ခိုက်မှု ၁၁ကြိမ် လုပ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများအနက် သိမ်တော်ကြီးဘုရားကျောင်းဝင်းအတွင်း ၈ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

” အကုန်ပျက်စီးကုန်ပြီ။ ပြည်သူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုများတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှ အသိပေးဖော်ပြထားရာ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းရရှိခဲ့ပြီး အလံဖြူထောင်သူများလည်းရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၃၁ရက်တွင် ဗန်းမော်မြို့ ဝင်းလိုက် ဟိုတယ်၊ သိမ်တော်ကြီးဝင်း နေရာတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

KIA အနေဖြင့် ဗန်းမော်နှင့် မံစီမြို့ကို တပြိုင်တည်း ထိုးစစ်ဆင်ကာ ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။

တိုက်ပွဲသတင်း အသေးစိတ်အခြေအနေကို သတင်းထုတ်ပြန် ခြင်းမရှိသေးသော်လည်း ဗန်းမော်နှင့် မံစီမြို့၌ တိုက်ပွဲဆက်ရှိနေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူက ယခုရက်ပိုင်းတွင် ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါစစ်ကောင်စီတပ်သည် မန်းရွှေစက်တော်ဘုရားအနီးတွင် ပေါ်တာဆွဲခြင်း၊ ပြည်သူလူထုထံမှ ပစ္စည်းများလုယက်ခြင်းများပြုလုပ်နေသည်ဟုလည်း အခြားဒေသခံတစ်ဦးက ပြောသည်။

သတင်း

ဒီဇင်ဘာ ၄ရက်က စတင်ခဲ့သည့် ဗန်းမော်၊ မံစီမြို့သိမ်းတိုက်ပွဲများအခြေအနေကို ယနေ့ (ဒီဇင်ဘာ ၃၀ရက်)တွင် ဗိုလ်မှူးကြီး နော်ဘူက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (ဒီဇင်ဘာ ၃၀ရက်)တွင်ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ သို့ ပြောကြားသည့် KNU ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် ဂွမြို့အား အင်အား ၁၂၀၀ ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဟု အသိပေးသည်။

Facebook