ဟန်နွေ/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ပိုင်း၊ ရေပြာနယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး ယနေ့ (ဒီဇင်ဘာ ၃၁ရက်) နံနက်တွင် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း Young Revolution Front က သတင်းထုတ်ပြန်သည်။
အဆိုပါ ရဲတပ်သားသည် G3သေနတ် တစ်လက်နှင့် ကျည်များယူဆောင်ကာ ပေါက်တောင်ပိုင်း၊Y.R.F.ပကဖ.ဗိုလ်နားပေါက်တပ်ဖွဲ့ထံ ဆက်သွယ်ကာ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ရဲတပ်သား၏ မိခင်ကိုလည်း တစ်ချိန်တည်း ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement
“ပေါက်နယ်မှာက စခန်းတွေ၊ပျူရွာတွေကိုဝင်မသိမ်းနိင်ပေမဲ့ ရိက္ခာလမ်းကြောင်းဖြတ်တောက်နိင်ခြင်းကြောင့်ရယ် စကစအထိုင်ချနေထိုင်သောရွာတွေမှာရှိတဲ့ပြည်သူတွေကသူတို့ဘက်မပါတာကြောင့်လည်း စကစတွေရှေ့ဆက်ရပ်တည်နိင်ဖို့အတော်လေးခတ်ခဲနေကြောင်းလဲပြောလာတယ်” ဟု YRF တာဝန်ရှိသူ တစ်ဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆက်တိုက် အလင်းဝင်လာမှု အခြေအနေကို ပြောပြသည်။
ဒီဇင်ဘာ ၂၆ရက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ကိုင်းလယ်ရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နှင့် အတူ အလင်းဝင်ရောက်ခဲ့ပြီး ဇွန်လ ၉ရက်ကလည်း ကိုင်းလယ်ရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ခဲ့သည်။
စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလာသော CDM ရဲတပ်သားများကို လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်ချက်များကိုလည်း ကူညီပံ့ပိုးခဲ့ဟု YRFက အသိပေးထားသည်။
ထို့ပြင် နောက်ထပ် အလင်းဝင်လာသူများ အနေဖြင့် YRF ထံသို့ ဆက်သွယ်နိုင်ကြောင်းလည်း ကြေညာထားသည်။
