close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် စက်တင်ဘာအတွင်း အမျိုးသမီး ၆၀ကျော် သေဆုံး

စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် စက်တင်ဘာအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Womens Union)က အသိပေးထုတ်ပြန်သည်။

စက်တင်ဘာအတွင်း စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်ခဲ့ရသည့် ခင်ဦးမြို့နယ်မှ ဒေသခံအမျိုးသမီးများအား တွေ့ရစဥ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဇေအောင်/People’s Spring

စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် စက်တင်ဘာအတွင်း အမျိုးသမီး ၆၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Womens Union)က အသိပေးထုတ်ပြန်သည်။

စက်တင်ဘာ ၁ ရက်မှ ၃ဝရက်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းမှ အမျိုးသမီး ၆၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၄၄ ဦး၊

Public Service Announcement

Public Service Announcement

လက်နက်ကြီးပစ်ခတ်မှုကြောင့် ၈ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ၂ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၂ ဦး၊ ဆေးကုသခွင့်မရမှုကြောင့် တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Womens Union)က အောက်တိုဘာ၄ရက်ကထုတ်ပြန်သည်။

ထို့အပြင် အထက်ပါဖြစ်စဥ်များတွင် အမျိုးသမီး ၆၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီး ၆ ဦးလည်း ပါဝင်ကြောင်း Burmese Womens Unionက အသိပေးသည်။

သေဆုံးသူအမျိုးသမီးများအနက် ရှမ်းပြည်နယ်မှ ၂၁ ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှ ၁၅ဦး၊ စစ်ကိုင်းတိုင်းမှ ၈ဦး သေဆုံးခဲ့ကြောင်း၊ အခြားသေဆုံးသူများမှာ ပဲခူး၊ မကွေး၊ ရခိုင်၊ မွန်၊ကချင်နှင့် တနင်္သာရီတိုင်းတို့မှဖြစ်ကြောင်း Burmese Womens Unionက ထပ်မံအသိပေးသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက ခြေဆေးကျေးရွာအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ ယာခင်းထဲပေါင်းနှုတ်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“တိုက်ပွဲမရှိဘဲ ပစ်တာ။နှစ်ကြိမ်ပစ်တာ ဘယ်အကြိမ်မှာထိတယ်တော့မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စက်တင်ဘာအတွင်း အမျိုးသမီး ၅ ဦးထက်မနည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ကြောင်း Burmese Womens Union၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မြေပြင်တွင် အထက်ပါအရေအတွက်ထက်ပိုများနိုင်ကြောင်းလည်း BWUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ ဒေသခံပြည်သူများအား စစ်ကောင်စီတပ်က ရွာမှနှင်ထုတ်ပြီး ပစ္စည်းများအား ယာဥ်ကြီး၊ယာဥ်ငယ်များဖြင့် ခိုးယူသယ်ဆောင်နေကြောင်း ဒေသခံများက People's Spring သို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဂမုန်းဆည်အနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သေဆုံးထိခိုက်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် ၊ကတိုင်တိဒေသဆီ စစ်ကောင်စီတပ်က အင်အားဖြည့်လာပြီးနောက် KNU တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

သတင်း

စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၍ ပြည်သူ့နေအိမ်အချို့ပျက်စီး

Facebook