နိုင်ပကောင်း/People’s Spring
ကရင်အမျိုးသားအစည်းအရုံး ( KNU) တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင် ၊ကတိုင်တိဒေသဆီ စစ်ကောင်စီတပ်က အင်အားဖြည့်လာပြီးနောက် KNU တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်လာတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
အခုလ စက်တင်ဘာအစောပိုင်းကစတင်ပြီး ဖာပွန် ခရိုင် ၊ကမမောင်းမြို့ကနေ ကတိုင်တိဒေသဘက်ဆီ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်အင်အား ၁၀၀ ကျော် ရောက်ရှိလာတာလို့သိရပါတယ်။

Public Service Announcement
စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်ဆည်းတာတွေ လုပ်ဆောင်လာတာကြောင့် KNU တပ်မဟာ ၅ တပ်ဖွဲ့ တွေနဲ့ အခုရက်ပိုင်းအတွင်း ကတိုင်တိဒေသမှာ တိုက်ပွဲတွေ ဖြစ်လာတာပါ။
တိုက်ပွဲတွေကြောင့် ကတိုင်တိဒေသခံတွေဟာ မိုင် ၃၀ ခန့် ဝေးတဲ့ ကမမောင်းမြို့ဆီ သွားရောက်တိမ်းရှောင်နေရတယ်လို့ ကမမောင်းဒေသခံကပြောပါတယ်။
” ရွာသားတွေ ကမမောင်းကို လာရှောင်နေကြတယ်” လို့ ကမမောင်းဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖာပွန်အခြေချ စစ်ဗျုဟာကို KNU တပ်မဟာ ၅ က ဝန်းရံပိတ်ဆို့ ထားတာဖြစ်ပြီး ပိတ်ဆို့ခံထားရတဲ့ ဗျုဟာဆီ စစ်ကောင်စီတပ်က စစ်အင်အား ဖြည့်တင်းဖို့ ကြိုးပမ်းနေတာပါ။
ဖာပွန်ဗျုဟာဆီ စစ်ကူ သွားဖို့အတွက် စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဟာ ကတိုင်တိ ဒေသဘက်ဆီ ရောက်ရှိလာတာလည်းဖြစ်ပါတယ်။
