close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ စရဖရုံးချုပ်ဝင်းကို ပြောက်ကျားအဖွဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စစ် ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးချုပ်ဝင်းကို ယမန်နေ့ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ အသိပေးထုတ်ပြန်သည်။

သုည/People’s Spring

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စစ် ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးချုပ်ဝင်းကို ယမန်နေ့ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ အသိပေးထုတ်ပြန်သည်။

ယမန်နေ့ (အောက်တိုဘာ ၂) ည ၇ နာရီ ၁၇ မိနစ် တွင် အောင်မင်္ဂလာအဝေးပြင်းကားဝင်းရှေ့ရှိ စရဖရုံးချုပ်ဝင်းအတွင်း ၇၉ ဗုံးပစ်လောင်ချာ၊ ၄၀ မမ ဗုံးသီးဖြင့် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပထမအကြိမ်တွင် ဗုံးသီးချို့ယွင်းချက်ဖြစ်ခဲ့ပြီး နောက်တစ်အကြိမ်တွင်လိုအပ်သည့်ပစ်မှတ်ထံ ကျရောက်ပေါက်ကွဲခဲ့ကြောင်း RUC စစ်ကြောင်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ညက ၇ နာရီကျော်လောက်မှာ အောင်မင်္ဂလာကားဝန်းဘက်က ဗုံးပေါက်သံ ကြားလိုက်ရတယ်။ ကားဝန်းရှေ့က စစ်ရုံးကို ပစ်တာလို့တော့ သိရတယ်။ ဗုံးပေါက်ပြီးပြီးချင်း စစ်သားတွေအများကြီး ထွက်လာပြီး စစ်ဆေးနေလို့ သိရတယ်။ ဘေးတွဲဆိုင်ကယ်တွေဆို တစ်စီးချင်းကို သေချာစစ်တယ်။ ညက ဗုံးပေါက်တဲ့ကိစ္စဖြစ်လို့လား မသိဘူး ခုမနက်လည်း မြောက်ဥက္ကလာအဝိုင်း၊ ဆေးရုံရှေ့နဲ့ ခေမာသီလမ်းပေါ်တွေမှာ ဘေးတွဲဆိုင်ကယ်တွေကို လိုက်စစ်ပြီး ဖမ်းနေတာ တွေ့ခဲ့ပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်အချို့ ထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း RUC စစ်ကြောင်းက အသိပေးခဲ့သည်။

UG ရဲဘော်များအား လိုက်လံဖမ်းဆီးနေသော စရဖ များအား လက်တုံ့ပြန်သည့်အနေဖြင့် ယင်း Missionကို ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း RUC စစ်ကြောင်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၃ရက် ညပိုင်းကလည်း စရဖရုံးချုပ်အဝင် လုံခြုံရေးဂိတ်ကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်းရှိ မြို့နယ်များကို ၄နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးတော့မည်ဟု အဆိုပါမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက ကြေညာသည်။

သတင်း

ရန်ကုန်မြို့၌ အလှည့်ကျမီးပေးစနစ်ကို တစ်ချိန်ထပ်တိုးမည်ဖြစ်ပြီး နံနက် ၅နာရီ အဆိုင်းကိုထပ်တိုးခြင်းဖြစ်သောကြောင့် အဆင်မပြေမှုများရှိကြောင်း ‌‌မြို့ပြနေပြည်သူများက ပြောသည်။

သတင်း

ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

သတင်း

ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် YOA အဖွဲ့က ဦးဆောင်ကာ "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ (စက်တင်ဘာ ၂၅) နံနက်က ပြုလုပ်ခဲ့သည်။

Trending

Facebook