သုည/People’s Spring
ရန်ကုန်မြို့ရှိ စျေးတစ်ခုတွင် YOA အဖွဲ့က ဦးဆောင်ကာ “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ (စက်တင်ဘာ ၂၅) နံနက်က ပြုလုပ်ခဲ့သည်။
“မတရားမှု အစုစုတို့ဖြင့် ပြည့်နှက်နေသော စနစ်တစ်ခုအောက်တွင် ရုန်းကန်လှုပ်ရှားနေရသော ပြည်သူလူထုတို့ထံမှ ထွက်ပေါ်လာသော အသံသည် အကြမ်းဖက်စစ်ကောင်စီက မကြားချင်၊ မမြင်ချင်ယောင်ဆောင်နေသည့်တိုင် ကြားနေရမည်၊ မြင်နေရမည်ဖြစ်သည့်အတွက် ဆန္ဒထုတ်ဖော်ခြင်း”ဟု YOAအဖွဲ့က အသိပေးသည်။

Public Service Announcement
ရန်ကုန်မြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်စွာ ချထားသော်လည်း သပိတ်အင်အားစုများက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်နေသည်။
