close
Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့မရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်က ရမ်းပစ်၍ ကောက်စိုက်သမားတစ်ဦး သေဆုံး

ရေဦးမြို့မရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်ရန်ပြင်ဆင်နေစဥ်။ ရေဦးရဲစခန်းလိုင်းခန်းမီး​လောင်နေစဥ်။ ဓာတ်ပုံ - ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း-ရေဦးPDF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက် ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ ကောက်စိုက်နေသည့် ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၂ ရက်) နေ့လယ် ၂နာရီခွဲခန့်က ရေဦးမြို့မရဲစခန်းအား ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်း ၊ ရေဦး PDFအဖွဲ့က Fixed Wing Drone များဖြင့် ဗုံးသီး ၆လုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းလိုင်းခန်းပေါ် ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်အုပ်စုဝင် လေးဦးပြီး သေဆုံး ၆ဦး ဒဏ်ရာရရှိကာ လိုင်းခန်းမီးလောင် ပျက်စီးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“လိုင်းခန်းနှစ်ခန်းတွဲက လုံးဝကိုပျက်စီးသွားတယ်။”ဟု ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် သော်လည်း တော်လှန်ရေး ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းက ဆိုသည်။

သို့သော် ယနေ့(စက်တင်ဘာ ၃ ရက်) နံနက်ပိုင်းတွင်မူ ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေဦးမြို့အနောက်ခြမ်းရှိ သံသည်ကျေးရွာမှ ကောက်စိုက်နေသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“သံသည်ရွာက ကောက်စိုက်မတစ်ဦး လယ်ထဲအလုပ်လုပ်နေတဲ့အချိန် ဦးခေါင်းမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေဦးမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်၍ ပြည်သူများ ထိခိုက်သေဆုံးမှု လစဥ်ရှိနေပြီး ရေဦးမြို့နယ်အပြင် ဒီပဲယင်းမြို့ရှိ ကျေးရွာများသို့ပါ လက်နက်ကြီးကျည်များ မကြာခဏကျရောက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ၂၆ရက်ကလည်း ရေဦးမြို့ပေါ်မှလာသော အင်အား ၁၂၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် မုတ်စီကျေးရွာ မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျေးရွာများထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

အမေရိကန်ရဲ့ နည်းပညာမြင့် စစ်သုံးဒရုန်း တစ်စီးကို အောင်အောင်မြင်မြင် ပစ်ချနိုင်ခဲ့တယ်လို့ ယီမင်နိုင်ငံ အခြေစိုက် ဟိုသီ သူပုန်တပ်တွေက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုဟာ စစ်ပွဲကာလတလျှောက် ယူကရိန်းဆီက အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်းတိုက်ခိုက်မှုကြီး တစ်ခုနဲ့ ပစ်မှတ်ထား ခြိမ်းခြောက်မှုကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

စစ်ပွဲ ကာလတလျှောက် ရုရှားရဲ့ အတိုင်းအတာ ပမာဏ အကျယ်ပြန့်ဆုံး ဒရုန်း စစ်ဆစ်ရေးကြီးတွေထဲက တစ်ခုကို တွန်းလှန်နိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

Trending

Facebook