close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဆေးရုံ နှလုံးအထူးကုစင်တာ မီးလောင်

မန္တလေးပြည်သူ့ဆေးရုံရှိ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၌ မီးလောင်မှုဖြစ်ခဲ့ရာ မိနစ် ၂၀ကျော်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ကအသိပေးထားသည်။

မန္တလေးပြည်သူ့ဆေးရုံရှိ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၌ မီးလောင်မှု မီးငြိမ်းသတ်နေစဉ်။ ဓာတ်ပုံ - သန်းဌေး

သတိုး/People’s Spring

မန္တလေးပြည်သူ့ဆေးရုံရှိ အထက်မြန်မာပြည် နှလုံးအထူးကုစင်တာ၌ မီးလောင်မှုဖြစ်ခဲ့ရာ မိနစ် ၂၀ကျော်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ကအသိပေးထားသည်။

အောက်တိုဘာ ၁ ရက် နံနက် ၅နာရီ ကျော်တွင် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး ချမ်းအေးသာစံမြို့နယ် မီးသတ်စခန်းမှ မီသတ်ယာဉ်များဖြင့် မိနစ်နှစ်ဆယ်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“လူနာထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။” ဟု မီးသတ်တပ်ဖွဲ့က ပြောသည်။

မီးလောင်မှုအကြောင်းရင်း နှင့် ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့အနေဖြင့် တရားဝင်ကြေညာခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် မှာ ဆိုင်ကယ်သုံးပြီး ဖုန်းလုပြေးတဲ့ အမျိုးသား ၂ ဦးကားနဲ့တိုက်ခံရပြီးနေရာမှာတင် သေဆုံးသွားတဲ့ ဖြစ်စဉ် စက်တင်ဘာလ ၂၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့ ၊မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာမှာ တိုက်ပွဲဖြစ်ပြီးနောက် အနီး တဝိုက်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

သတင်း

မန္တလေး၊ မုံရွာ အစရှိသည့် မြို့ကြီးများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့၌ စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် အဓမ္မလိုက်လံဖမ်းဆီးခေါ်ဆောင်နေကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်မည့် မူဝါဒချမှတ်ထားခြင်းမရှိဟု ထပ်လောင်းအသိပေး