ဆိုင်းမင်း/People’s Spring
မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် မှာ ဆိုင်ကယ်သုံးပြီး ဖုန်းလုပြေးတဲ့ အမျိုးသား ၂ ဦးကားနဲ့တိုက်ခံရပြီးနေရာမှာတင် သေဆုံးသွားတဲ့ ဖြစ်စဉ် စက်တင်ဘာလ ၂၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ ၃၅ လမ်းမကြီး တောင်ဘက်ခြမ်း ၊ ၆၃ လမ်းပေါ်မှာ မနေ့ညပိုင်း ည ၇ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တာပါ။

Public Service Announcement
၆၄ လမ်းနဲ့ လမ်း ၄၀ မှာ လင်မယား နှစ်ဦီးဆီက ဆိုင်ကယ်စီး လူငယ် ၂ ဦးက ဖုန်းလုပြေးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းမှာတော့ ဖုန်းလုခံချိန် ပြန်လည်ဆွဲယူရာမှာ ဆိုင်ကယ်ပေါ်က လုယက် သူက ဓားနဲ့ခုတ်တာကြောင့် ဖုန်းပိုင်ရှင်အမျိုးသား ဦီးခေါင်းမှာ ဒဏ်ရာရသွားတယ်လို့ ဖော်ပြပါတယ်။
အဲဒီနောက် လုယက်သူတွေရဲ့ဆိုင်ကယ်နောက်ကိုလိုက်ပြီး ကားနဲ့လိုက်ဖမ်းရာမှာ ၆၃လမ်း၊ ၃၅လမ်းနဲ့ ၃၆လမ်းအရောက် ဆိုင်ကယ်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။ ကားနဲ့လိုက်ဖမ်းတဲ့ သူရဲ့ အချက်အလက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။
ကားနဲ့တိုက်ခံရတာကြောင့် လုယက်သူ ၂ ဦးလည်း ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ ဒေသခံအချို့ က ပြောပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်မှာ တရားဉပဒေစိုးမိုး ပျက်ယွင်းသွားပြီး လုယက်မှုတွေ၊ သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားသလို စစ်ကောင်စီ လက်အောက်ခံ ပျုစောထီးတွေ က လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးငွေညှစ်တာတွေ လည်းရှိနေပါတယ်။
