close
Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီဗုံးထပ်ကြဲ

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ လ၃၀ ရက်) ညနက်ပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့်လေကြောင်းမှထပ်မံဗုံးကြဲသည်။

စက်တင်ဘာ ၂၉ ညတွင်လာရှိုးမြို့ ဗုံးကြဲခံရပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-MNDAA

မိထက်/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ လ၃၀ ရက်) ညနက်ပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့်လေကြောင်းမှထပ်မံဗုံးကြဲသည်။

စက်တင်ဘာ ၃၀ ရက်ည ၉နာရီ၅၉မိနစ်နှင့် ၁၀နာရီ ၅မိနစ်၌ ဂျက်ဖိုက်တာတစ်စီးစီဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“ပေါက်ကွဲသံတွေလည်းကြားတယ်။ မပေါက်ကွဲတဲ့အလုံး တွေလည်းရှိနေတယ်”ဟု လားရှိုးမြို့ ရပ်ကွက်(၁၂)မှ ဒေသခံတဦးကပြောသည်။

မိတ္ထီလာလေတပ်မှ တက်သွားသည့် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခြင်းဟု လေကြောင်းအန္တရာယ်စောင့်ကြည့်နေသူများကပြောသည်။ ယခုသတင်းရေးသားနေချိန် ည ၁၀နာရီ၃၇မိနစ်အထိ မိတ္ထိလာလေတပ်မှ ဂျက်ဖိုက်တာတစ်စီး ထပ်တက်သွားကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ကို စက်တင်ဘာလဆန်းမှစ၍ စစ်ကောင်စီက တန်ပြန်ထိုးစစ် စတင်နေပြီး နေရာအနှံ့ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြန်မာအမျိုးသားဒီမိုရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က စက်တင်ဘာ ၃၀ တွင်သတင်းထုတ်ပြန်ထားသည်။ဒေသခံများ ပြန်လည်အခြေချနေထိုင်သည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းမှ ​နေစဥ်ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေကြောင်း MNDAA က ထုတ်ပြန်ထားသည်။

သြဂုတ်လကုန်မှ စက်တင်ဘာ ၃၀.ရက်အထိ​စစ်​ကောင်စီက အရပ်သားပစ်မှတ်များကိုပါ ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ​ဒေသခံပြည်သူ ၃ ဦး​သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။ထိုသို့စစ်​ကောင်စီတပ်က ​နေစဥ်ရက်ဆက် ဗုံးကြဲဖျက်

ဆီးမှုများ​ကြောင့် လားရှိုးမြို့ တွင်ပြန်​နေ​သောပြည်သူများထဲမှ အချို့မှ ပြန်လည်တိမ်း​ရှောင်​နေကြရ​​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​ကောင်စီက ကောလင်းမြို့နယ်အတွင်းသို့ စက်တင်ဘာလ ၃၀ရက်​နေ့က တိုက်​လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် ​ဒေသခံပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရှိခဲ့သည်။

သတင်း

စစ်ကောင်စီအနေဖြင့် စက်တင်ဘာလဆန်းကစ၍ "တန်ပြန်ထိုးစစ်"ဟုခေါ်သည့် စစ်ဆင်ရေးစတင်ခဲ့ရာ ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများလုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့၊ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် မြို့ခံပြည်သူ အချို့ တိမ်းရှောင်မှုများရှိနေသည်။

သတင်း

စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်မှုအပေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဘောထား ထုတ်ပြန်ကြေညာခဲ့ရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။