close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာထောင်မှ နိုင်ကျဥ်းများအပါအဝင် အကျဥ်းသား ၁၀၀ ​ကျော်ကို မကွေးထောင်ပို့

မုံရွာအကျဥ်းထောင်မှာ နိုင်ငံ​ရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားကို​ရေလမ်း​ကြောင်းမှ သင်္ဘောများဖြင့် မကွေးအကျဥ်းထောင်သို့​ရောက်လာကြောင်း ဒေသခံများက​ပြောသည်။

မုံရွာမြို့ မင်း​ဒေါင့်ဆိပ်ကမ်းမှ စစ်​ကောင်စီ​ရေယာဥ်အုပ်စု ထွက်ခွာရန် ပြင်ဆင်​နေစဥ်။ဓါတ်ပုံ-အညာပစ်တိုင်း​ထောင်​လေးများ

စောနွေဦး/People’s Spring

မုံရွာအကျဥ်းထောင်မှာ နိုင်ငံ​ရေးအကျဥ်းသားများအပါအဝင် အကျဥ်းသားကို​ရေလမ်း​ကြောင်းမှ သင်္ဘောများဖြင့် မကွေးအကျဥ်းထောင်သို့​ရောက်လာကြောင်း ဒေသခံများက​ပြောသည်။

အကျဥ်းသား ၁၀၀ ခန့်ပါ သင်္ဘော ၉ စီးခန့်ကို စစ်သင်္ဘော ၃ စီး ခြံရံပြီး ဧရာဝတီမြစ်အတိုင်း စက်တင်ဘာ ၂၅ရက် မ​ကွေးထောင်ကို ရောက်လာသည်ဟု ဒေသခံများကပြောသည်။ထိုအကျဥ်းသားများထဲတွင် နိုင်ငံရေးအကျဥ်းသား ၅၀ ခန့်ပါဝင်သည်ဟု ထောင်အသိုင်းအဝိုင်းက သတင်းအရစ်အမြစ်တစ်ဦးကပြောသည်။ မုံရွာအကျဥ်း​ထောင်တွင် နာမည်​ကျော် သပိတ်​ခေါင်း​ဆောင်ကို​ဝေမိုးနိုင် ရှိပြီး ​ထောင်​ရွေ့​ပြောင်းခံရသူများတွင်၎င်းပါ၊မပါကိုမသိရ​​ပေ။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီသည် နိုင်ငံ​ရေးအကျဥ်းသားများကို ​ထောင်​ပြောင်း​ရွေ့ခြင်း ယခု​နောက်ပိုင်းပိုလုပ်လာသည်။

စစ်ကောင်စီတပ်က ၂၁ရက်တွင် နိုင်ငံရေးအကျဥ်းများပါဝင်သည့် အကျဥ်းသား ၁၀၀ခန့်ကို မုံရွာမြို့ မြို့တော်ခန်းမတွင်စုစည်းပြီး ချင်းတွင်းမြစ်မင်းဒေါင့်ဆိပ်ကမ်းမှတဆင့် ရေလမ်းကြောင်းမှပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသများကပြောသည်။

အကျဥ်းသားများကို သစ်လုံးတင်သင်္ဘော ၊​ကြေးနီတင်သင်္ဘော ၊ ယာဥ်များနှင့် စစ်တပ်အတွက် ရိက္ခာတင်သင်္ဘောများ စသဖြင့် စုစု​ပေါင်း သင်္ဘော ၂၀ ​ကျော်ဖြင့် မုံရွာမှ ထွက်ခွာလာခဲ့ခြင်းဖြစ်​ကြောင်း စစ်ကိုင်းတိုင်းမှ ​တော်လှန်​ရေးအင်အားစုများက ​ပြောသည်။ ထို​နောက် ဧရာဝတီမြစ်​ကြောင်းအတိုင်း မ​ကွေးမြို့သို့ပို့​ဆောင်ခြင်းဖြစ်သည်။

“အကျဥ်းသားတွေကိုမြင်းခြံထောင်နဲ့မကွေထောင်ကို ပို့တာ၊ သူတို့ ထောက်ပို့ပစ္စည်းတွေကော သယ်ပို့ သင်္ဘောတွေနဲ့သယ်တာ”ဟု မျက်မြင်​တွေ့ရှိခဲ့​သောဒေသခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် စစ်ကောင်စီသင်္ဘောအုပ်စုသည် စစ်ကိုင်းတိုင်းအထက်ပိုင်းမြို့နယ်များမှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ရာကျော်ကို ခေါ်ဆောင်လာပြီး မန္တလေးမြို့ဘက်သို့ဆက်လက်စုံဆင်းနေကြောင်း သတင်းရရှိသည်။

သတင်း

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း မုဒိမ်းမှုကိုအရေးမယူဘဲ ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတဲ့လုပ်ရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကန့်ကွက်ဆန္ဒပြလိုက်ကြပါတယ်။

သတင်း

အင်းစိန်ထောင်အတွင်းရှိ ထောင်ဆေးရုံတွင် တီဘီရောဂါအတွက် တီဘီသမားများထားသည့်အခန်း၌ ဆေးကုသမှုခံယူနေရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းသားအခန်းလူကြီးမှ လိင်တူချင်းအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ယနေ့ စက်တင်ဘာ ၄ ရက်တွင် အသိပေးထုတ် ပြန်သည်။

သတင်း

ပဲခူးတိုင်း ၊ ဒိုက်ဦးအကျဉ်းထောင်မှာ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေကို ထောင်ဝန်ထမ်းတွေ က လေးခွ နဲ့ပစ်ခတ်တာကြောင့် ၈ ဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၆ ဖွဲ့က ထုတ်ပြန်ပါတယ်။

Facebook