သုည/People’s Spring
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယနေ့ (စက်တင်ဘာ ၂၇) ညပိုင်း၌ ကျင်းပသည့် ONE Friday Fights 81 ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ကျော် သန့်ဇင်က ဂျပန်ကစ်ဘောက်ဆစ်ချန်ပီယံ တာကေးရုကို ဒုတိယအချီတွင် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းပွဲ ပထမအချီတွင် သန့်ဇင်သည် တာကေးရုကို အကြိတ်အနယ် ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီ၌ တာကေးရု လဲကျအောင် ထိုးသတ်ပြနိုင်ခဲ့သည်။

Public Service Announcement
သို့သော် ဒုတိယအချီတွင် နည်းစနစ်ပိုင်းနှင့် အတွေ့အကြုံသာလွန်သည့် တာကေးရုက သန့်ဇင်ကို အသာစီးထိုးသတ်နိုင်ခဲ့ပြီး ဒူးတိုက်ချက်၊ ခြေကန်ချက်ချက်များဖြင့် သန့်ဇင်ကို အလဲထိုးအနိုင်ရခဲ့သည်။
ယင်းပွဲစဉ်ရလဒ်ကြောင့် သန့်ဇင်သည် ONE Championship ပြိုင်ပွဲတွင် ၃ ပွဲထိုး ၂ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားသည်။
