close
Connect with us

Hi, what are you looking for?

သတင်း

အမေရိကန် နှင့် ဆက်ဆံမှု၊ ငွေကြေးအကူအညီ ရယူမှု လုံး၀မရှိခဲ့ဟု MNDAA ရှင်းလင်း

မင်းအောင်လှိုင်ဦးဆောင်သည့်စစ်ကောင်စီသည် သတင်းအတုများလုပ်ကြံပြီးဝါဒဖြန့်နေဟုထုတ်ပြန်

လားရှိုးမြို့ရှိ စစ်​ကောင်စီတပ်၏ အ​ရှေ့​မြောက်တိုင်း စစ်ဌာနချုပ်ကို သြဂုတ် ၃ ရက်တွင်သိမ်းပိုက်ပြီး​နောက်MNDAA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-MNDAA

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) အနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် တိုက်ရိုက် သို့မဟုတ် သွယ်၀ိုက်သည့် ဆက်ဆံမှုမျိုး တစ်ခါမှ မရှိခဲ့ကြောင်း MNDAAက ယနေ့ (စက်တင်ဘာ ၂၇)ထုတ်ပြန်ရှင်းလင်းသည်။

စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက်တွင် အချက်အလက်အမှားများ အသုံးပြု ဝါဒဖြန့်ထားသည့် စာများကို ထုတ်ပြန်ခဲ့ရာ MNDAAနှင့် တအာင်းတပ်(TNLA) တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မဟာမိတ်ဖွဲ့ပြီး အမေရီကန်နိုင်ငံမှ ​ငွေ​ကြေးအကူအညီများ ရယူနေကြောင်း စွပ်စွဲဖော်ပြခဲ့သည်။

အဆိုပါ ဝါဒဖြန့်မှုများသည် အသရေဖျက်မှု ဖြစ်ကြောင်း MNDAAက ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဝါဒဖြန့်ခဲ့ရာတွင် MNDAAသည်အမေရိကန်ပြည်ထောင်စုထံမှ နှစ်စဉ်ဘဏ္ဍာရေးအကူအညီ သန်း ၂၀၀ ရရှိသည် ဆိုသည့် ကောလာဟလ ကို ဖော်ပြခဲ့ကြောင်း၊ MNDAA

သည်အမေရိကန်ပြည်ထောင်စုနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဆက်ဆံမှုမျိုး တစ်ခါမှ မရှိခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်ပြည်ထောင်စုထံမှတိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်သောငွေကြေးအကူအညီကို ဘယ်သောအခါမှ မရရှိခဲ့ကြောင်း တရုတ်ဘာသာဖြင့်ထုတ်ပြန်ရှင်းလင်းခဲ့သည်။

အ​မေရီကန်​ဒေါ်လာ သန်း ၂၀၀ ရရှိ​နေသည်ဆိုခြင်းမှာ သတင်းအမှားဖြစ်ပြီး စစ်​ကောင်စီက သတင်းအမှားထုတ်လွှင့် ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း တပ်ဖွဲ့များသည် သတင်းအတုများကို ပြောင်ပြောင်တင်းတင်း လုပ်ကြံပြီး ကောလာဟလများ ဖြန့်ဝေနေသည်ဟု ဖော်ပြကာမြန်မာနိုင်ငံမှ သတင်းမှားများ လှည့်ဖြားခံရခြင်းမှ ကာကွယ်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဂရုတစိုက် စိစစ်မှုများ ပြုလုပ်ကြမည်ဟု မျှော်လင့်ကြောင်း MNDAAက ထုတ်ပြန်သည်။

MNDAA ကဲ့သို့ပင် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက စစ်ကောင်စီ၏ ဝါဒဖြန်မှုအပေါ် တုံ့ပြန်ရှင်းပြထားရာ စစ်ကောင်စီ၏ ဝါဒဖြန်မှုသည် စွပ်စွဲချက်သာ ဖြစ်ကြောင်း ပြောကြားသည်။

MNDAAသည် စက်တင်ဘာ ၄ရက်​​နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ NUGနှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မည်မဟုတ်ဟုထည့်သွင်း ဖော်ပြကာ တရုတ်နိုင်ငံနှင့် တက်ကြွစွာ ပူးပေါင်းပြီးနိုင်ငံရေးပြဿနာ နိုင်ငံရေးလမ်းစဉ်အတိုင်း ဆွေးနွေးမည်ဟု ထုတ်ပြန်ခဲ့သည်။ သို့သော် စစ်ကောင်စီက MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာအရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှကြိုတင်ကာကွယ်ရေး ဆောင်ရန်၊ရှောင်ရန်အချက်များ ထုတ်ပြန်

သတင်း

လားရှိုးမြို့အခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) မတိုက်ခိုက်မီ ထွက်ပြေးသွားသည့် အမှတ်(၇)ဆက်သွယ်ရေးတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီညီထွန်းကို စစ်ကောင်စီက ပြန်ဖမ်းမိသွားသည်။

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲအတွက် ယူကရိန်းက အဆိုပြုလိုတဲ့ အောင်ပွဲ အစီအမံကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန် အစိုးရဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း

လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ နေထိုင်မှုဘ၀များထိခိုက်ပြီး ပြန်လည် ထူထောင်ရေး အတားအဆီးဖြစ်စေဟု ဖော်ပြ

Facebook